DVB Logo
Home
မြန်မာသတင်း
မြန်မာ-အ​မေရိကန် သံအမတ်အပြန်အလှန် ခန့်​အပ်
DVB
·
July 7, 2012
မြန်မာ-အ​မေရိကန် သံအမတ်အပြန်အလှန် ခန့်​အပ်
Donate to DVB

မြန်မာနိုင်ငံနဲ့​ အ​မေရိကန်ပြည်​ထောင်စုတို့​ဟာ လွန်ခဲ့​တဲ့​ဆယ်စုနှစ် ၂ ခု​ကျော် ကာလအတွင်း​ နှစ်နိုင်ငံ သံအမတ်အဆင့်​ မခန့်​ဘဲထား​ရာက ခု​တော့​ သံအမတ်ကြီး​တွေ အသီး​သီး​ ခန့်​လိုက်ကြပါတယ်။

[caption id="attachment_15567" align="alignleft" width="300" caption="မစ္စတာ ဒဲရက်မစ်ချယ်လ်"][/caption]

အ​မေရိကန်အစိုး​ရဟာ နှစ်​ပေါင်း​ ၂၂ နှစ်အတွင်း​ မြန်မာနိုင်ငံဆိုင်ရာ အ​မေရိကန်သံအမတ် မခန့်​အပ်ဘဲထား​ရာက​နေ မစ္စတာ ဒဲရက်မစ်ချယ်လ်ကို သံအမတ်အဖြစ်ခန့်​ဖို့​ အဆိုပြုလာတာဖြစ်ပြီး​ ဒီအဆိုပြုချက်ကို မြန်မာအစိုး​ရကလည်း​ သ​ဘောတူ​ကြောင်း​ ​ကြေညာပါတယ်။

ဒဲရက်မစ်ချယ်လ်ဟာ အာရှ​ရေး​ရာကျွမ်း​ကျင်သူ တဦး​ဖြစ်ပြီး​ အ​မေရိကန် ကာကွယ်​ရေး​ဌာနမှာ အာရှနဲ့​ပစိဖိတ်လုံခြုံ​ရေး​ရာ ဒု-လက်​ထောက်ဝန်ကြီး​ အဖြစ် တာဝန်ထမ်း​ဆောင်ခဲ့​ဖူး​ပါတယ်။ မနှစ်ကစပြီး​ သမ္မတ အိုဘား​မား​အစိုး​ရရဲ့​ မြန်မာနိုင်ငံဆိုင်ရာ အထူး​ကိုယ်စား​လှယ်နဲ့​ မူဝါဒ​ရေး​ရာညှိနှိုင်း​ရေး​မှူး​အဖြစ် တာဝန်ထမ်း​ဆောင်​နေတာပါ။

ပြီး​ခဲ့​တဲ့​ သီတင်း​ပတ်က​တော့​ အ​မေရိကန် သမ္မတနဲ့​ နိုင်ငံခြား​ရေး​ဝန်ကြီး​တို့​က သူ့​ကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး​အဖြစ် ခန့်​အပ်ဖို့​ အဆိုတင်သွင်း​တာကို အ​မေရိကန် အထက်လွှတ်​တော်က အတည်ပြု​ပေး​ခဲ့​ပြီး​ ဖြစ်ပါတယ်။ ခု အ​မေရိကန်အစိုး​ရရဲ့​ အဆိုပြုချက်ကို မြန်မာအစိုး​ရကလည်း​ သ​ဘောတူလိုက်တာ ဖြစ်ပါတယ်။

သံအမတ်သစ်အဖြစ် မကြာခင် တာဝန်ထမ်း​ဆောင်​တော့​မယ့်​ မစ္စတာ ဒဲရက်မစ်ချယ်လ်က မြန်မာပြည်သူ​တွေကို ရန်ကုန်အ​ခြေစိုက် အ​မေရိကန် သံရုံး​ဝက်ဘ်ဆိုက်မှာ တင်ထား​တဲ့​ ဗီဒီယိုက​နေ ခုလို မိတ်ဆက်သတင်း​ စကား​ပါး​ ထား​ပါတယ်။

“ကျ​နော် ဒဲရက်မစ်ချယ်လ်ပါ ၂၂ နှစ်အတွင်း​ ပထမဆုံး​ အ​မေရိကန်သံအမတ်သစ်ပါ။ မြန်မာပြည်ကို လွန်ခဲ့​တဲ့​ ၁၇ နှစ်က ပထမဆုံး​အကြိမ် လာလည်ဖူး​ပါတယ်။ ဒါ​ပေမယ့်​ မနှစ်တုန်း​က အ​မေရိကန် အထူး​ကိုယ်စား​လှယ် အဖြစ်နဲ့​ မြန်မာနိုင်ငံမှာ မှတ်သား​လောက်စရာ အ​ပြောင်း​အလဲ​တွေ မြင်​တွေ့​ခဲ့​ရတယ်။ ဒါဟာ ကျ​နော်တို့​ရဲ့​ အနာဂတ်အတွက် ​ကောင်း​တဲ့​အလား​အလား​ပါ။ သမ္မတအိုဘား​မား​နဲ့​ ဝန်ကြီး​ ဟီလာရီကလင်တန်တို့​ထပ်တလဲလည်း​ ​ပြောခဲ့​သလို ကျ​နော်တို့​ရဲ့​ ထိ​တွေ့​ဆက်ဆံမှုနဲ့​ စံနမူနာ​တွေက​နေ မြန်မာပြည်ရဲ့​ အ​ပြောင်း​အလဲကို ​ထောက်ခံအား​ပေး​ဖို့​အ​မေရိကန်က အာမခံပါတယ်။ မတူကွဲပြား​တဲ့​ နိုင်ငံသား​တွေရှိတဲ့​နိုင်ငံ​တွေ ဖြစ်တာနဲ့​အညီ တနိုင်ငံဆီက တနိုင်ငံ သင်ယူနိုင်မယ်လို့​ ယုံကြည်ပါတယ်”လို့​ ​ပြောသွား​တာပါ။

ဒါ့​ပြင် စိန်​ခေါ်မူ​တွေ ရှိ​နေတဲ့​ရှေ့​ခရီး​ကို အတူတူသွား​ကြဖို့​လည်း​ ဒဲရစ်မစ်ရှဲက ​ပြောပါတယ်။

“​ရှေ့​ဆက်​လျှောက်ရမယ့်​ လမ်း​ဟာ မလွယ်ပါဘူး​။ ဒါ​ပေမယ့်​ ကျ​နော်တို့​ အတူသွား​ကြရပါမယ်။ ကျ​နော့်​ဇနီး​နဲ့​ ကျ​နော်ဟာ လှပတဲ့​ မြန်မာနိုင်ငံကို စူး​စမ်း​လေ့​လာနိုင်ဖို့​ ကျ​နော်တို့​ နှစ်နိုင်ငံအကြား​ ခိုင်မာတဲ့​ ဆက်ဆံ​ရေး​ တရပ်ကိုလည်း​ ကူညီတည်​ထောင်​ပေး​ဖို့​ ​မျှော်လင့်​ပါတယ်။ သံအမတ်အဖြစ်နဲ့​ သင်တို့​နဲ့​ တတ်နိုင်သ​လောက်​တွေ့​ဆုံနိုင်ဖို့​ ခရီး​တွေအများ​ကြီး​ထွက်ဖို့​ စီစဉ်ထား​ပါတယ်။ တစ်ဦး​နဲ့​တဦး​ အမြင်ချင်း​မျှ​ဝေဖို့​နဲ့​ သင်ယူဖို့​အတွက် အခွင့်​အလမ်း​တွေ ပိုရနိုင်ဖို့​ အ​မေရိကန်စင်တာကို လာလည်ကြဖို့​လည်း​ ဖိတ်​ခေါ်ပါတယ်။ ​ကျေး​ဇူး​တင်ပါတယ်”လို့​ ​ပြောသွား​တာပါ။

အ​မေရိကန် အစိုး​ရဟာ ၁၉၈၈ ခုနှစ်က ရှစ်​လေး​လုံး​အ​ရေး​တော်ပုံမှာ မဆလအစိုး​ရက လူထုအုံကြွမှုကို အကြမ်း​ဖက်ဖြိုခွင်း​ပြီး​ကတည်း​က မြန်မာနိုင်ငံမှာ သံရုံး​ယာယီတာဝန်ခံပဲခန့်​အပ်ပြီး​ မြန်မာနိုင်ငံနဲ့​ သံတမန် ဆက်ဆံ​ရေး​ကို ​လျော့​ချထား​ရာက အခု သမ္မတ ဦး​သိန်း​စိန် အစိုး​ရသစ်လက်ထက်မှာ ပြုပြင်​ပြောင်း​လဲ​ရေး​ ​ခြေလှမ်း​သစ်​တွေ​ကြောင့်​ သံတမန်ဆက်ဆံ​ရေး​အဆင့်​ ပြန်လည်တိုး​မြှင့်​ပြီး​ သံအမတ်ကြီး​အဖြစ် ပြန်လည်ခန့်​အပ်ခဲ့​တာပါ။

အလား​တူ မြန်မာအစိုး​ရကလည်း​ အ​မေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး​အဖြစ် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း​ ကိုယ်စား​လှယ် ဦး​သန်း​ဆွေကို ခန့်​အပ်​ကြောင်း​ ​ကြေညာလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013