DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင်း ကိုရီးယားရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြင့်လာရန် မျှော်လင့်ဟု ဦးဖြိုးမင်းသိန်းပြော
DVB
·
June 24, 2018
မြန်မာနိုင်ငံတွင်း ကိုရီးယားရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြင့်လာရန် မျှော်လင့်ဟု ဦးဖြိုးမင်းသိန်းပြော
Donate to DVB

မြန်မာနိုင်ငံကို တောင်ကိုရီးယားနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးမြင့်လာဖို့ မျှော်လင့်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့၊ Lotte ဟိုတယ်မှာ မနေ့ည ၇ နာရီကကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ နှစ် ၇ဝ ပြည့် လွတ်လပ်ရေးအခမ်းအနားအဖြစ် Korea Traditional Cultural ဖြစ်တဲ့ Event Heart and Minds of the people အခမ်းအနားမှာ ၀န်ကြီးချုပ်က အခုလို ပြောကြားခဲ့တာလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

“မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု အခန်းကဏ္ဍနယ်ပယ်မှာ ကိုရီးယားနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးမြင့်လာစေဖို့ မျှော်မှန်းပါတယ်။ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံနေတဲ့ ကိုရီးယားရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း မြန်မာနိုင်ငံကို လာရောက်ဆောင်ရွက်ခြင်းဟာ အခွင့်အလမ်းကောင်းတွေရှိတယ်လို့ မျှော်လင့်ချက်မျိုး ပူးပေါင်းဆောင်ရွက်မှုမျိုး ဖြစ်စေလိုပါတယ်။ ဒီအတွက် ကျနော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေတဲ့ အခြေအနေမှာ ငြိမ်းချမ်းရေးဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတခုမှာ ရှိပါတယ်။ ကိုရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံကြားမှာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မှုမှာ ပုံသဏ္ဌာန်ကွဲပြားမှုတွေ ရှိပေမယ့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေရတဲ့ နှစ်နိုင်ငံကြားရဲ့ တူညီမှုတွေ ရှိပါတယ်။”

ဒါ့အပြင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံပြည်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ပိုမိုနီးစပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ကိုရီးယား-မြန်မာနှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုကို တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမယ်လို့ ဆိုပါတယ်။

အခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ တပ်မတော်အရာရှိကြီးတွေနဲ့ ရခိုင်​တိုင်း​ရင်းသား​ရေးရာ ဝန်​ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာကိုရီးယားသံအမတ်ကြီးနဲ့ တာဝန်ရှိသူတွေ တက်​​ရောက်​ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013