DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီ နိုင်ငံလုံးဆိုင်ရာညီလာခံမှ ဗဟိုကော်မတီဝင်သစ်များ ရွေးကောက်
DVB
·
June 24, 2018
အန်အယ်လ်ဒီ နိုင်ငံလုံးဆိုင်ရာညီလာခံမှ ဗဟိုကော်မတီဝင်သစ်များ ရွေးကောက်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကနေ ဗဟိုကော်မတီဝင် အသစ်တွေ ရွေးကောက်တင်မြှောက်လိုက်ပါတယ်။

ရန်ကုန်မြို့မှာ ၂ ရက်ကြာကျင်းပနေတဲ့ ညီလာခံ ပထမနေ့ ဇွန်လ ၂၃ ရက်မှာပဲ တိုင်းနဲ့ ပြည်နယ်အလိုက် ဗဟိုကော်မတီဝင်အသစ် ၄၂ ယောက်နဲ့ အရံဗဟိုကော်မတီဝင်အသစ် အယောက် ၃၀ တို့ကို  ဆန္ဒမဲပေးပြီး ရွေးချယ်ခဲ့ကြတာပါ။

ဒီနေ့မှာတော့ မူလဗဟိုကော်မတီဝင်တွေနဲ့ ကော်မတီဝင်အသစ်တွေဟာ ဒုတိယ ဗဟိုကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေး ပြုလုပ်နေတယ်လို့ ပါတီက သတင်းထုတ်ပြန်ပါ တယ်။

ဒီအစည်းအဝေးကနေ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ အရံ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

ဒီညီလာခံကို တိုင်နဲ့ပြည်နယ်ဝန်ကြီးချုပ်တွေအပါအဝင် ညီလာခံကိုယ်စားလှယ် ၁၀၀၀ ကျော် တက်ရောက်နေတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူလ ဗဟိုကော်မတီမှာ ကော်မတီဝင် ၁၂၀ နဲ့ အရံကော်မတီဝင် ၃၀ ပါဝင်ပါတယ်။

အဲဒီကနေ ပြန်ကြားရေးနဲ့ စီးပွားရေးကော်မတီ၊ အမျိုးသမီး လုပ်ငန်းအဖွဲ့၊ တောင်သူလယ်သမားရေးရာ လုပ်ငန်းအဖွဲ့နဲ့ အလုပ်သမားရေးရာအဖွဲ့ဆိုပြီး ကော်မတီနဲ့ အဖွဲ့တွေ ဖွဲ့စည်းထားပါတယ်။

ဗဟို အလုပ်အမှုဆောင်အဖွဲ့ကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၅ ယောက်နဲ့ ဖွဲ့စည်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013