DVB Logo
Home
မြန်မာသတင်း
ဆိုင်ခန်းနေရာကျဉ်းမှုကြောင့် ကျောက်စိမ်းအရောင်းဝယ်လုပ်သူများ အခက်ကြုံ
DVB
·
June 24, 2018
ဆိုင်ခန်းနေရာကျဉ်းမှုကြောင့် ကျောက်စိမ်းအရောင်းဝယ်လုပ်သူများ အခက်ကြုံ
1 / 7
Donate to DVB

မန္တလေးမြို့ မဟာအောင်မြေကျောက်မျက်ရတနာစခန်း ပျံကျကျောက်စိမ်းအရောင်းအဝယ် လုပ်ကိုင်သူတွေမှာ ဆိုင်ခန်းနေရာကျဉ်းသွားတာကြောင့် ကျောက်စိမ်းဝယ်ယူတွေမှာ နေရာ အခက်အခဲ ဖြစ်နေတယ်လို့ ပျံကျကျောက်စိမ်းခင်းဝိုင်း ဆိုင်ခန်းပိုင်ရှင် မရီချိုက ပြောပါတယ်။

အရင်က နေရာကျယ်ဝန်းပြီး ဆိုင်ခန်းပေါင်း ၅၅ဝ ရှိကာ အခုအသစ်တည်ဆောက်ခဲ့တဲ့ ဆိုင်ခန်းတွေမှာ (၄)ပေ (၄)ပေခွဲနဲ့ ပျံကျကျောက်စိမ်းအခင်းဝိုင်းနေရာကို အသစ်တည်ဆောက်ခဲ့ တာကြောင့် ကျောက်စိမ်းအိတ်ထုတ်တွေကို အရင်က လေး ငါး အိတ် ခင်းလို့ရပြီး အခုဆိုနှစ်အိတ်လောက်ပဲ ခင်းရတဲ့အတွက် အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ပျံကျကျောက်စိမ်းခင်းဝိုင်းက အရောင်းအဝယ် လုပ်ကိုင်သူတွေက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း နေပြည်တော်မှာ ကျောက်စိမ်းရတနာလေလံပြပွဲ ပြုလုပ်နေတာ ကြောင့် မန္တလေးမဟာအောင်မြေ ကျောက်မျက်ရတနာစခန်းမှာ ပျံကျကျောက်စိမ်း အရောင်းအဝယ် လုပ်ကိုင်သူတွေမှာ အရောင်းအဝယ်အေးနေပါတယ်။

နေပြည်တော် ကျောက်မျက်ရတနာလေလံရောင်းချပွဲကို သွားရောက်ဝယ်ယူနေကြ တာကြောင့် ကျောက်စိမ်း အရိုင်းတုံးတွေကို ရောင်းချနေတဲ့ ပျံကျခင်းဝိုင်းမှာ ဝယ်ယူသူ နည်းပါးနေပါတယ်။

ကချင်ပြည်နယ်ဒေသကထွက်ရှိတဲ့ ကျောက်စိမ်းတွေမှာ ပြည်တွင်းထဲကို ဝင်ရောက်မှု နည်းပါးလာပြီး ကျောက်စိမ်းတူးဖော်လုပ်ကွက်တွေမှာ ရပ်နားထားတာတွေရှိပြီး အဖိုးတန် ကျောက်စိမ်းရှားပါးလာတယ်လို့ မန္တလေး ကျောက်စိမ်းရောင်းဝယ်သူတဦးက ပြောပါတယ်။

သတင်းဓာတ်ပုံ-အောင်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013