DVB Logo
Home
မြန်မာသတင်း
ထိန်း​သိမ်း​ခံ ဗကသ ​ကျောင်း​သား​များ​ ပြန်လွတ်
DVB
·
July 8, 2012
ထိန်း​သိမ်း​ခံ ဗကသ ​ကျောင်း​သား​များ​ ပြန်လွတ်
Donate to DVB

နှစ် ၅၀ ပြည့်​ ဆဲဗင်း​ဇူလိုင် အခမ်း​အနား​ကို လုပ်ဖို့​ စီစဉ်​နေရင်း​ ဇူလိုင် ၆ ရက် ​နေ့​ညက ဖမ်း​ဆီး​ထိန်း​သိမ်း​ခံခဲ့​ရတဲ့​ ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂများ​ အဖွဲ့​ဝင်​တွေ မ​နေ့​ညက ပြန်လည် လွတ်​မြောက်လာပါပြီ။

ဇူလိုင် ၆ ရက်​နေ့​ညက ​နေအိမ်အသီး​သီက​နေ ​ခေါ်ယူ ထိန်း​သိမ်း​ခံခဲ့​ရတဲ့​ ဗကသ အဖွဲ့​ဝင်​တွေဖြစ်တဲ့​ ကိုဒီငြိမ်း​လင်း​၊​ ကိုစည်သူ​မောင်၊​ ကိုရဲမြတ်ဟိန်း​နဲ့​ မဖြိုး​ဖြိုး​အောင်တို့​ကို သက်ဆိုင်ရာက ဇူလိုင် ၇ ရက်​နေ့​ညမှာ ပြန်လွှတ်​ပေး​လိုက်တာ ဖြစ်ပါတယ်။

[caption id="attachment_27692" align="alignleft" width="300" caption="ဂဂမျိုးဆက်​ကျောင်းသားများရုံးခန်းတွင် ယ​နေ့ည လွတ်​မြောက်လာသူများမှ ရှင်းလင်း​ပြောကြားစဉ် (ဓာတ်ပုံ-88 Generation Studnets Facebook)"][/caption]

သူတို့​ကို ဆဲဗင်း​ဇူလိုင် အခမ်အနား​ မဖြစ်​မြောက်​ရေး​အတွက် ထိန်း​သိမ်း​တာဖြစ်ပြီး​ ဗကသများ​ အဖွဲ့​ချုပ်ဟာ တရား​မဝင်အသင်း​အဖွဲ့​ ဖြစ်တဲ့​အတွက် ဆဲဗင်း​ဇူလိုင် လုပ်မယ့်​ပွဲနဲ့​ ပတ်သက်ပြီး​ ကျင့်​ထုံး​ ဥပ​ဒေ ၁၆၂ အရ ​ခေါ်ယူစစ်​ဆေး​ ​မေး​မြန်း​ရတာလို့​ ပြန်လွှတ်လာသူ ဗကသ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ မဖြိုး​ဖြိုး​အောင်က ​ပြောပါတယ်။

“ပြည်ထဲ​ရေး​ဝန်ကြီး​ရုံး​ကို ​ခေါ်သွား​ပါတယ်။ ဟို​ရောက်​တော့​လည်း​ ဘာမှ ​ထွေ​ထွေထူး​ထူး​ ​မေး​မြန်း​တာမရှိဘူး​။ ကျမကို ပြန်အိပ်ခိုင်း​တယ်။ ​နောက်​နေ့​ကျ​တော့​လည်း​ ဆဲဗင်း​ဇူလိုင်ပွဲက ဘယ်လိုလုပ်မှာလဲ ဆိုတာ​လောက်ပဲ ​မေး​တယ်။ ည​နေ ပြန်လွှတ်ခါနီး​ကျ​တော့​ ကျမရယ်၊​ ​ကျောင်း​သား​သမဂ္ဂများ​ အဖွဲ့​ချုပ်က ကိုဒီငြိမ်း​လင်း​၊​ ကိုစည်သူ​မောင်၊​ ကိုရဲမြတ်ဟိန်း​ တို့​ကိုပါ ​ခေါ်ပြီး​ ဗကသဟာ တရား​ဝင်အဖွဲ့​အစည်း​ မဟုတ်ပါဘူး​။ ဗကသက​နေ ဆဲဗင်း​ဇူလိုင် နှစ် ၅၀ ပြည့်​ ပွဲလုပ်မယ်ဆိုတာကို သူတို့​ကြား​သိတဲ့​အတွက် သူတို့​အ​နေနဲ့​ ဒီကိစ္စကို ကျင့်​ထုံး​ဥပ​ဒေ ၁၆၂ အရ ​ခေါ်ယူ​မေး​မြန်း​ခြင်း​ ဖြစ်ပါတယ်တဲ့​။ ကျင့်​ထုံး​ ဥပ​ဒေ ၁၆၂ အရဆိုရင် သူက ၂၄ နာရီ ​ခေါ်ယူ​မေး​မြန်း​ခွင့်​ ရှိတယ်​လေ။ ကျမတို့​ကို တိတိကျကျ​ပြောရရင် ၂၂ နာရီ ​ခေါ်ထား​တာ​ပေါ့​။ အိမ်ကို ည ၈ နာရီ ခွဲပြန်​ရောက်တယ်။ ​အေး​အေး​ဆေး​ဆေး​ ထား​ပါတယ်။ အား​လုံး​ကို ဧည့်​သည်လိုပါပဲ။”

သူတို့​ ပြန်လွှတ်ပြီး​နောက် မ​နေ့​ည ၉ နာရီ​လောက်မှာ​တော့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​ရုံခန်း​မှာ သတင်း​စာရှင်း​လင်း​ပွဲပြုလုပ်ပြီး​ သူတို့​ကြုံ​တွေရတဲ့​ အဖြစ်အပျက်​တွေကို ပြန်လည်ရှင်း​လင်း​ခဲ့​ပါတယ်။

အလား​တူ ​ခေါ်ယူထိန်း​သိမ်း​ခံရတဲ့​ မန္တ​လေး​၊​ လား​ရှိုး​၊​ ​ရွှေဘို၊​ မြင်း​ခြံမြို့​တွေက ဗကသ အဖွဲ့​ဝင်​တွေကိုလည်း​ မ​နေ့​ညကပဲ ပြန်လည် လွှတ်​ပေး​ခဲ့​ပါတယ်။ ဇူလိုင် ၆ ရက်​နေ့​ညက နိုင်ငံတဝှမ်း​က ဗကသ ​ကျောင်း​သား​ပေါင်း​ ၂၀ ​လောက် ထိန်း​သိမ်း​ခံခဲ့​ရတယ်လို့​ မဖြိုး​ဖြိုး​အောင်က ​ပြောပါတယ်။

ဒီလို ဆဲဗင်း​ဇူလိုင်အခမ်း​အနား​ မဖြစ်​မြောက်ဖို့​ ​ကျောင်း​သား​တွေကို အခုလို ​ခေါ်ယူ ထိန်း​သိမ်း​ထား​တဲ့​ပေါ် ဗကသ​ကျောင်း​သား​ ကိုဒီငြိမ်း​လင်း​က​တော့​ ဒါဟာ နိုင်ငံတွင်း​မှာ တရား​ဥပ​ဒေစိုး​မိုး​ရေး​နဲ့​ ​ကျောင်း​သား​တွေနဲ့​ သက်ဆိုင်တဲ့​ နည်း​ဥပ​ဒေ​တွေ လိုအပ်​နေ​သေး​တယ်ဆိုတာကို မီး​မောင်း​ထိုး​ပြလိုက်တာပဲလို့​ ​ပြောပါတယ်။

“ကျ​နော်တို့​အ​နေနဲ့​ တရား​ဥပ​ဒေစိုး​မိုး​ရေး​ မရှိဘူး​၊​ ကျ​နော်တို့​ ​ကျောင်း​သား​တွေအ​နေနဲ့​ ခွဲခြား​ဆက်ဆံခံရတယ်လို့​ ခံစား​မိပါတယ်။ ဘာ​ကြောင့်​လဲဆို​တော့​ ဒီမိုက​ရေစီ နိုင်ငံတနိုင်ငံကို သွား​တဲ့​အခါမှာ ကျ​နော်တို့​ အ​ခြေခံဥပ​ဒေမှာလည်း​ အသင်း​အဖွဲ့​များ​ လွတ်လပ်စွာ ဖွဲ့​စည်း​ခွင့်​ရှိတယ်ဆိုတဲ့​ ဥပ​ဒေ​တွေ ပြဌာန်း​ထား​ပါတယ်။ ဒါ​ပေမယ့်​ အဲဒီဥပ​ဒေ​တွေဟာ ကျ​နော်တို့​နဲ့​ ​ဝေး​ကွာတယ်လို့​ ခံစား​မိ​နေတယ်။ တရား​ဥ​ပေဒအရ ကျ​နော်တို့​ မလုံခြုံဘူး​လို့​ ခံစား​ရတယ်။ ကျ​နော်တို့​ကို အဓိက ​ခေါ်ယူ​တွေ့​ဆုံတဲ့​အ​ကြောင်း​အရင်း​က တရား​မဝင် အသင်း​အဖွဲ့​ ဖြစ်​နေတယ်ဆိုတဲ့​ဟာကို အ​ကြောင်း​ပြတယ်ဆို​တော့​ ကျ​နော်တို့​ ​ကျောင်း​သား​တွေအ​နေနဲ့​ တရား​ဝင် ရပ်တည်ခွင့်​ရဖို့​ အချိန်တန်​နေပါပြီ။ ​ကျောင်း​သား​တွေအ​နေနဲ့​ တရား​ဝင်ရပ်တည်နိုင်ဖို့​ အတွက် လိုအပ်တဲ့​ ဥပ​ဒေ​တွေလည်း​ အမြန်ဆုံး​ ​ပေါ်လာဖို့​ လိုအပ်​နေပါပြီ။ တရား​ဥပ​ဒေအ​နေနဲ့​ မျှတမှုမရှိဘူး​လို့​ ကျ​နော်တို့​ ခံစား​မိတယ်။ ကျ​နော်တို့​ ​မေး​မြန်း​စရာရှိလို့​ဆိုပြီး​ အိမ်ကို လာ​ခေါ်တယ်။ အဲဒါက ကျ​နော်တို့​နိုင်ငံမှာ သံသယရှိတိုင်း​ ​ခေါ်ယူ​တွေ့​ဆုံခွင့်​ရလား​ ဆိုတာ​တွေကအစ ​မေး​ခွန်း​များ​စွာ ​မေး​မြန်း​ဖို့​ လိုအပ်လာပါပြီ။”

ဆဲဗင်း​ဇူလိုင်အခမ်း​အနား​ မဖြစ်​မြောက်​ရေး​အတွက် အာဏာပိုင်​တွေက ​ကျောင်း​သား​ခေါင်း​ဆောင်​တွေကို ​ခေါ်ယူ ထိန်း​သိမ်း​ထား​ပေမယ့်​လည်း​ မ​နေ့​တုန်း​က​တော့​ ရန်ကုန်၊​ မန္တ​လေး​နဲ့​ နိုင်ငံတဝှမ်း​က တခြား​မြို့​ကြီး​တွေမှာ ​ကျောင်း​သား​အ​ရေး​ လှုပ်ရှား​သူ​တွေက ဆဲဗင်း​ဇူလိုင် အထိမ်း​အမှတ် အခမ်း​အနား​တွေကို ကျင်း​ပသွား​နိုင်ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013