DVB Logo
Home
မြန်မာသတင်း
ကယန်း​ဒေသတွင်​ ​ဘိန်းစိုက်​ပျိုးမှု​လျှော့ချ​ရေး နှစ်​ရှည်​သီးနှံပျိုးပင်​ ​ထောက်​ပံ့
DVB
·
June 24, 2018
ကယန်း​ဒေသတွင်​ ​ဘိန်းစိုက်​ပျိုးမှု​လျှော့ချ​ရေး နှစ်​ရှည်​သီးနှံပျိုးပင်​ ​ထောက်​ပံ့
1 / 4
Donate to DVB

ကယန်း​ဒေသက ​နေရာ​အချို့မှာ ဘိန်းစိုက်​ပျိုးမှု​တွေ ရှိ​နေ​သေးတာ​ကြောင့် ဘိန်း​စိုက်​ပျိုးမှု​ လျှော့ချ​ရေးကို အ​ထောက်​အကူပြုနိုင်​မယ်​ နှစ်​ရှည်​သီးနှံပျိုးပင်​​တွေကို ဇွန်လ ၂၃ ရက်​​နေ့မှာ ဖယ်​ခုံကရုဏာအဖွဲ့က ​​ဒေသခံ​တောင်​သူ​တွေကို ​ထောက်​ပံ့ပေးပါတယ်​။

ဖယ်​ခုံကရုဏာအဖွဲ့ရဲ့ စိုက်​ပျိုး​ရေးစီမံကိန်းတာဝန်​ခံ ကိုအန်း​ဂျေလိုက "ကျ​နော်​တို့ ဒီဘက်​​ဒေသမှာ အထူးသဖြင့် ဘိန်းစိုက်​ပျိုးတဲ့ ဧရိယာဖြစ်​တယ်​​ပေါ့​နော်​။ အဲ့ဒါ​ကြောင့်မို့လို့ နှစ်​ရှည်​ပင်​​တွေနဲ့ ကျ​နော်​တို့ တစဖက်​တ​လမ်း ပံ့ပိုးမယ်​ဆိုရင်​​တော့ ဘယ်​လိုပဲဖြစ်​ဖြစ်​ ​တောင်​သူ​တွေက အမြင်​​ပြောင်းလဲပြီး​တော့ နှစ်​ရှည်​ပင်​ဘက်​ ပိုပြီး စိတ်​ဝင်​စားလာမယ်​လို့ ကျ​နော်​တို့ ရည်​ရွယ်​ထားပါတယ်​" လို့ ​ပြောပါတယ်​။

ဒါ့အပြင်​ ခုလို နှစ်​ရှည်​စိုက်​ပျိုးပင်​​တွေ ​ထောက်​ပံ့တဲ့ စီမံကိန်းကို အ​ကောင်​အထည်​​ဖော်​ရတာဟာ ​ရွှေ့​ပြောင်း​တောင်​ယာလုပ်​ကိုင်​တာ​တွေ ​လျှော့နည်း​ဖို့နဲ့ ​​ဒေသခံ​တွေရဲ့ ခက်​ခဲ​နေတဲ့ စားဝတ်​​နေ​ရေး ကိစ္စ​တွေကို ​ဖြေရှင်းနိုင်​ဖို့အတွက်​လို့ ဆိုပါတယ်​။

ဖယ်​ခုံမြို့နယ်​ ရီနွဲ့​ကျေးရွာအုပ်​က ​ကျေးရွာ ၁၃ ရွာနဲ့ ပင်​​လောင်းမြို့နယ်​ ဘန်းဘာ​ကျေးရွာအုပ်​စုက ​ကျေးရွာ ၃ ရွာက အိမ်​​ထောင်​စု ၆ဝဝ ​​ခန့်​ကို ​ကော်​ဖီပျိုးပင်​ ၅ သိန်း၊ လိမ္မော်​ပျိုးပင်​ ၆၄ဝဝဝ နဲ့ ဖာလာပျိုးပင်​ ၂ သိန်းကို ​ထောက်​ပံ့​ပေးခဲ့တာပါ။

ဒေသခံ​တောင်​သူ​တွေကို ပျိုးပင်​စိုက်​ပျိုးနည်းနဲ့ ပြုစုနည်းအတွက်​ သင်​တန်း​ပေးထားပြီဖြစ်​ပြီး လာမယ့် ၃ နှစ်​နဲ့ ၄ နှစ်​​လောက်​ကျရင်​ သီးနှံထွက်​ရှိလာမှာဖြစ်​လို့ ​ဈေးကွက်​ရှာ​ဖွေနိုင်​ဖို့အတွက်​ ဖယ်​ခုံဂရုဏာအဖွဲ့က ဆက်​ပြီး ကူညီသွားမှာဖြစ်​ပါတယ်​။

သီးနှံပျိုးပင်​​တွေကို ဖယ်​ခုံမြို့နယ်​ ရီနွဲ့​ကျေးရွာအုပ်​စု လအိ​ကျေးရွာမှာရှိတဲ့ ဟန်​အိုတိုက်​နယ်​ ကက်​သလစ်​ဘုန်းကြီး​ကျောင်းမှာ​​ အခမ်းအနားနဲ့ ​ပေးအပ်​ခဲ့ပြီး ဖယ်​ခုံမြို့နယ်​ အစိုးရဌာနဆိုင်​ရာပုဂ္ဂိုလ်​​တွေ၊ ကယန်းပြည်​သစ်​ပါတီတာဝန်​ရှိသူ​တွေနဲ့ ကယန်းမျိုးဆက်​သစ်​လူငယ်​အဖွဲ့​ကိုယ်​စားလှယ်​​တွေ တက်​​ရောက်​ခဲ့ကြပါတယ်​။

ဖယ်​ခုံဂရုဏာအဖွဲ့ဟာ ကယန်း​ဒေတွင်းမှာ နှစ်​ရှည်​သီးနှံစိုက်​ပျိုး​ရေးစီမံကိန်းအပြင်​ ​ဒေသအ​ခြေပြု စပါးဘဏ်​တည်​​ထောင်​​ပေးတာ​တွေ၊ ​ဂေဟမပျက်​စိုက်​ပျိုး​ရေး သင်​တန်း​ပေးတာ​တွေ၊ ​မြေယာဥပ​ဒေနဲ့ ​ဈေးကွက်​ချိတ်​ဆက်​မှုဆိုင်​ရာ သင်​တန်း​​ပေးတာ​တွေလည်း ​ ပြုလုပ်​​နေပါတယ်​။

သတင်း၊ ဓာတ်​ပုံ - ခွန်းတူးတူး​လေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013