DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့် စိုက်ဧကများအတွက် အကူညီပေး၊ အခက်ခဲရှိပါက ဆက်သွယ်ရန် စိုက်ပျိုးရေးဌာနပြော
DVB
·
June 24, 2018
ရေဘေးသင့် စိုက်ဧကများအတွက် အကူညီပေး၊ အခက်ခဲရှိပါက ဆက်သွယ်ရန် စိုက်ပျိုးရေးဌာနပြော
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်မှာ ရေလွှမ်းမိုးမှုခံခဲ့ရတဲ့ သီးနှံစိုက်ဧက တွေအတွက် ထောက်ပံရေးပစ္စည်းများ ပေးအပ်တာနဲ့ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

မြို့သစ်မျို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက “စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ တိုင်းဒေသကြီး သီးနှံဌာနခွဲ၊ မျိုးစေ့ ဌာနခွဲ၊ မြေအသုံးချရေးဌာနခွဲ တာဝန်ခံတွေ၊ ခရိုင်၊ မြို့နယ်အဆင့် စိုက်ပျိုးရေးဌာနက တာဝန်ခံတွေနဲ့ ထိခိုက်ဆုံးရှုံးမှုကြုံနေရတဲ့ ဒေသတွေကို ကွင်းဆင်းပညာပေးတာတွေ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့တာတွေ လုပ်နေပြီး ဘယ်လိုအခက်ခဲပဲရှိရှိ တောင်သူတွေအနေနဲ့ ကျနော်တို့ စိုက်ပျိုးရေး ဦးစီးဌာနကို ဆက်သွယ်စေချင်ပါတယ်" လို့ ပြောပါတယ်။

“ဇွန်လ ၉ ရက်နေ့ ကနေ ၁၄ ရက်နေထိ မိုးအဆက်မပြတ် ရွာသွန်းခဲ့တဲ့အတွက် မြို့သစ်မြို့နယ်မှာ သီးနှံစိုက်ဧက ၂၀၀၀၀ ကျော် ရေဒဏ်သင့်ပြီး သီးနှံမှိုရောဂါနဲ့ နှမ်းရိုးမဲရောဂါတွေ ကျရောက်မှု လျော့နည်းရေးအတွက် မှိုမျိုးစေ့ထုတ်ဖြန့်ဝေခြင်း၊ ဥကပ်ပါးနကျယ်ကောင် လွှတ်ပေးခြင်းတွေ လုပ်ဆောင်နေတယ်လို့” ဆိုပါတယ်။

စိုက်ပျိုးရေးဆိုင်ရာ ကူညီထောက်ပံ့မှု ကွင်းဆင်းအဖွဲ့ဟာ မြို့သစ်မြို့နယ် အတွင်းရှိ ရုံးတော၊ နွားလှ၊ ဝါကြီးအိုင် ကျေးရွာအုပ်စုရှိ တောင်သူတွေနဲ့တွေဆုံပြီး အသိပညာပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ ပစ္စည်းများထောက်ပံ့ပေးခဲ့ပြီး၊ သီးနှံထိခိုက်မှုကြုံနေရတဲ့ တောင်သူတွေနဲ့ တွေဆုံပြီး တောင်သူအကျိုးစီးပွား ကာကွယ်မှုဆိုင်ရာ လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ မြို့သစ်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013