DVB Logo
Home
မြန်မာသတင်း
၉ ကြိမ်မြောက် နိုင်ငံတကာ ကျောင်းပေါင်းစုံမှလူငယ်များ အခမဲ့ပညာရေး ဆွေးနွေးပွဲ ကျင်းပ
DVB
·
June 23, 2018
၉ ကြိမ်မြောက် နိုင်ငံတကာ ကျောင်းပေါင်းစုံမှလူငယ်များ အခမဲ့ပညာရေး ဆွေးနွေးပွဲ ကျင်းပ
Donate to DVB

MSI Overseas Education ရဲ့ ၉ ကြိမ်မြောက် နိုင်ငံတကာ တက္ကသိုလ်ကျောင်းပေါင်းစုံက လူငယ်များ အခမဲ့ပညာရေးဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။

၉ တန်းနဲ့ ၁၀ တန်းအောင်၊ တက္ကသိုလ်ကျောင်းသူ/ကျောင်းသားတွေ၊ ပုဂ္ဂလိကသင်တန်းကျောင်းတွေနဲ့ International School မှ ကျောင်းသူ/ကျောင်းသားတွေ နိုင်ငံခြားပညာရေးကို စိတ်ဝင်စားသူတွေကို မည်သူမဆို အခမဲ့ လွတ်လပ်ပွင့်လင်းစွာဖြစ် လာရောက် ဆွေးနွေးတိုင်ပင်နိုင်ဖို့ ဇွန်လ ၂၃ ရက်နေ့က Mandalay Hill Resort Hotelမှာ ကျောင်းသူ/ကျောင်းသားများနဲ့ နိုင်ငံတကာက ဆရာတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

“မန္တလေးမြို့က ကျောင်းသူ/ကျောင်းသားတွေမှာ အင်ဂျင်နီယာနဲ့ ဆရာဝန် လုပ်ချင်သူတွေနဲ့ ကိုယ့်ရဲ့ အနာဂတ်ပညာရေးအတွက် လာရောက်ဆွေးနွေးတဲ့သူတွေလည်း ရှိပါတယ်။ အခုလိုမျိုး MSI ကနေ နိုင်ငံတကာနဲ့ ချိတ်ဆက်ကျင်းပပေးတဲ့အတွက် လူငယ်တွေမှာ အသိပညာဖွံ့ဖြိုးရေးနဲ့ ဗဟုသုတတွေရရှိခဲ့တယ်” လို့ ကျောင်းသူတဦးက ပြောပါတယ်။

နိုင်ငံခြားတက္ကသိုလ်ကြီးတွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံတကာပညာရေးဝန်ဆောင်မှု အတိုင်အပင်ခံနယ်ပယ်မှာ ၁၁ နှစ်ကျော် သက်တမ်းရှိသော Myanmar Search International နိုင်ငံခြားပညာရေးဝန်ဆောင်မှုနဲ့ ဆွစ်ဇာလန်၊ စပိန်၊ ဗြိတိန်၊ အမေရိကန် သြစတြေးလျ၊ စင်ကာပူ၊ ထိုင်းနဲ့ မလေးရှား အစရှိသည့်နိုင်ငံကြီးတွေက တက္ကသိုလ်တွေ စုပေါင်းကျင်းပမယ့် ၉ ကြိမ်မြောက် နိုင်ငံတကာတက္ကသိုလ်ကျောင်းပေါင်းစုံ အခမဲ့ ပညာရေးဆွေးနွေးပွဲကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့တွင် ၃ ရက် ဆက်တိုက် ကျင်းပသွားမယ်လို့ သိရပါတယ်။

သတင်းဓာတ်ပုံ-အောင်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013