DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် တောင်ကမ်းပါးယံမှ မြေပြိုကျမှုကြောင့် ၆ ဦး သေဆုံး၊ ၄ ဦးပျောက်ဆုံးနေ
DVB
·
June 23, 2018
ဖားကန့်တွင် တောင်ကမ်းပါးယံမှ မြေပြိုကျမှုကြောင့် ၆ ဦး သေဆုံး၊ ၄ ဦးပျောက်ဆုံးနေ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ တောင်ကမ်းပါးယံမှ မြေပြိုကျမှုကြောင့် လူ ၆ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ၄ ဦး ပျောက်ဆုံးနေတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၂၂ ရက်နေ့ မနက် ၈ နာရီခွဲလောက်က ဖားကန့်မြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် မကာပင်ကျေးရွာအနီး အမြင့် ၅၀ ပေလောက်မှ တောင်ကမ်းပါးယံမှ မြေပြိုကျခဲ့မှုကြောင့် မိုးကာတဲအတွင်း နေထိုင်သူ သန်းလင်းထွန်း (၁၈) နှစ် အပါအ၀င် ၂ ဦး မြေစာပိမိ သေဆုံးခဲ့ပြီး စိုးစိုး ၂၁ နှစ်ကတော့ ကျောပြင် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။

အလားတူ  မော်ဝမ်းရပ်ကွက်နေ နေအိမ်တလုံးပေါ် တောင်ကမ်းပါးယံမှ မြေပြိုကျခဲ့တာကြောင့် ဦးမြင့်ကျော်အပါဝင် ၂ ဦး မြေပိသေဆုံးခဲ့ပါတယ်။

မရှီကထောင်ရပ်ကွက်က နေအိမ်တလုံးပေါ်ကိုလည်း မြေပြိုကျခဲ့ရာ အမျိုးသမီး ၂ ဦး မြေစာပိမိ ပျောက်ဆုံးသွားပါတယ်။ ညနေပိုင်းမှာတော့ ဒေါ်အေးဝင်းရဲ့ အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး ဒေါ်ခင်လေးကိုတော့ ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

အလားတူ ဖားပြင်ရပ်ကွက်က နေအိမ်တလုံးပေါ်ကိုလည်း တောင်ကမ်းပါးယံမှ မြေပြိုကျခဲ့တာကြောင့် ဦးစိန်ကျော် မြေစာပိမိသေဆုံးခဲ့ပါတယ်။

မော်ဝမ်းရပ်ကွက် မော်ဝမ်း-လုံးခင်းကားလမ်းဘေးနေ နေအိမ်တလုံးပေါ်ကိုလည်း မြေပြိုကျခဲ့တာကြောင့်  ဝင်းဇော်ထွန်း (စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး မတင့်ပါ ၄ ဦး (မစိုးရိမ်ရ) ဒဏ်ရာတွေ ရရှိခဲ့လို့ ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားပြီး ဝင်းဇော်ထွန်းကိုတော့ ဖားကန့်ဆေးရုံမှတစ်ဆင့် မြစ်ကြီးနားပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

မနက် ၁၁ နာရီခွဲအချိန်ကလည်း ဆွတ်အောင်ကျေးရွာအနီးရှိ မြန်မာသူရ ကျောက်မျက်ကုမ္ပဏီ (လက်ရှိလုပ်ငန်းရပ်နားထား) ရဲ့ မျောချောင်းမှာ ရေမဆေးကျောက်ရှာဖွေနေသူ အမျိုးသား ၃ ဦး ရေစီးကြောင်းနဲ့အတူ မျောပါကာ မြေစာတွေ ဖုံးအုပ် ပျောက်ဆုံးနေလို့ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့က ရှာဖွေနေပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မှော်စီစာ-နမ္မဖြစ်ကျေးရွာသွားကားလမ်းမှာ ကွန်ကရစ်တံတား ၁ စင်း ကျိုးကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013