DVB Logo
Home
မြန်မာသတင်း
အမုန်းစကားပြောသည့် ဖေ့စ်ဘွတ်ခ်အကောင့်များ လုံးဝပိတ်သိမ်းခြင်းမျိုး မလုပ်သင့်ဟုဆို
DVB
·
June 23, 2018
အမုန်းစကားပြောသည့် ဖေ့စ်ဘွတ်ခ်အကောင့်များ လုံးဝပိတ်သိမ်းခြင်းမျိုး မလုပ်သင့်ဟုဆို
Donate to DVB

ဖေ့စ်ဘွတ်ခ်အနေနဲ့ အမုန်းစကားပြောဆိုတဲ့ အကောင့်တချို့ကို သတိပေးတာ အရင်လုပ်သင့်ပြီး လုံးဝ ပိတ်သိမ်းလိုက်တာမျိုး မလုပ်သင့်ဘူးလို့  အသံအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကဗျာဆရာ မောင်ဆောင်းခက သုံးသပ်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်း ၃၅ ဖွဲ့နဲ့ ဖေ့စ်ဘွတ်ခ်အဖွဲ့က ဒုဥက္ကဋ္ဌ အပါအဝင် တာဝန်ရှိသူတွေဟာ ဇွန် ၈ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ အရပ်ဘက်အဖွဲ့အစည်းတွေက  ဖေ့စ်ဘွတ်ခ်နဲ့ပတ်သက်ပြီး လူ့အခွင့်အရေးပေါ်မှာ အကျိုးသက်ရောက်မှုတွေရှိတာ၊ သတင်းရေးသားမှုတွေအပေါ် ပြန်လည်သုံးသပ်ဖို့၊ သုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ လုံခြုံစိတ်ချရဖို့နဲ့ အမုန်းစကား ဖြန့်ဝေတဲ့အပေါ် ဆောင်ရွက်ဖို့တွေကို ဆွေးနွေးခဲ့တာလို့ အသံအဖွဲ့က ပြောပါတယ်။

ဒါ့အပြင် တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီးတဲ့အခါမှာ ရဲတပ်ဖွဲ့ကနေ အဲဒီလူတွေရဲ့ အမှုနဲ့မဆိုင်ဘဲ သတင်းအချက်အလက်တွေ ရှာဖွေတာမျိုးတွေကို  ဖေ့စ်ဘွတ်ခ်က တားဆီးဖို့ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဖေ့စ်ဘွတ်ခ်အဖွဲ့နဲ့ အစိုးရအကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ပွင့်လင်းမြင်သာစွာချပြဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

ဖေ့စ်ဘွတ်ခ် အဖွဲ့က တာဝန်ရှိသူတွေဟာ ဇွန် ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ပထမဦးဆုံး တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုတွေအပြီးမှာ လူမှုကွန်ရက်ပေါ်က ဦးလှဆွေ  ဖေ့စ်ဘွတ်ခ်အကောင့်နဲ့ ငါးမင်းဆွေ အကောင့်တွေဟာ ဖျက်သိမ်းခံလိုက်ရတယ်လို့လည်း ဆိုပါတယ်။

အဲဒီလို  ဖေ့စ်ဘွတ်ခ်အကောင့်တွေ အဖျက်ခံရတာဟာ သုံးစွဲသူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဟန့်တားသလိုဖြစ်တာကြောင့် သတိပေးတာတွေ အရင်လုပ်သင့်တယ်လို့ အသံအဖွဲ့က ပြောပါတယ်။

ဖေ့စ်ဘွတ်ခ်အဖွဲ့ကတော့ အကောင့်တချို့ကို ဖျက်သိမ်းတာဟာ သူတို့ရဲ့စည်းကမ်းချက်တွေနဲ့ မကိုက်ညီတာကြောင့် ဖျက်သိမ်းတာဖြစ်တယ်လို့ ပြောဆိုထာ့ပါတယ်။

လူဦးရေသန်း ၅ဝ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ ၁၈ သန်းဟာ ဖေ့စ်ဘွတ်ခ်ကို သုံးစွဲနေတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013