DVB Logo
Home
မြန်မာသတင်း
“လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျောက်ကြီးမြို့တွင် ပြုလုပ်
DVB
·
June 23, 2018
“လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျောက်ကြီးမြို့တွင် ပြုလုပ်
Donate to DVB

ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့မနက် ၉ နာရီလောက်က က “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်နဲ့ ပြည်သူ့စကားဝိုင်းတခု ပြုလုပ်ခဲ့ပါတယ်။

အခုဟောပြောပွဲကို ကျောက်ကြီးမြို့နယ် ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး ကျောက်ကြီးမြို့နယ်မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့တာလို့လည်း သိရပါတယ်။

ပြည်သူ့စကားဝိုင်း ကျင်းပရခြင်းနဲ့ပတ်သက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး ခရိုင်ဦးစီးအရာရှိ ဒေါ်စမ်းစမ်းအေးက “ပြည်သူ့စကားဝိုင်းများကို ဒီမိုကရေစီစနစ် အင်္ဂါရပ်များနဲ့အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူတွေ အကြားမှာ ဆွေးနွေးတိုင်ပင်ရမယ့် အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်တဲ့ အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးနိုင်ဖို့နဲ့ မိမိတို့ရဲ့ ရပ်ရွာဒေသမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာများကို အများပြည်သူကြားမှာ ဆွေးနွေးမှုရှိလာပြီး ပြည်သူတွေရဲ့ စဉ်းစားတွေးခေါ်မှုတွေ မြင့်မားလာပြီး တော့ဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေး တတ်လာတဲ့ အလေ့အထတွေ ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ချက်တွေနဲ့ မြို့နယ်ပညာရေးဦးစီးဌာနနဲ့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းပြီးလုပ်တာပါ” လို့ ပြောပါတယ်။

ဆွေးနွေးပဲကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ ဆရာ/ဆရာမ တွေ တက်ရောက်ဆွေနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးခဲ့သူ မေတ္တာရောင်ခြည် ပရဟိတ အသင်းခေါင်းဆောင် ဦးမောင်ဇော်က “ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် မိဘ ဆရာများအားလုံးပူးပေါင်းပါဝင်ပေးကြဖို့နဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့လည်း ကျောင်းစာတွေကို ပြီးပြည့်စုံစွာ လေ့လာကြဖို့ လိုအပ်တယ်။ အရင်က အလွတ်ကျက်မှတ်တဲ့ စနစ်ကနေ အခု ကိုယ်တိုင်စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်တဲ့ စနစ်သို့ ပြောင်းလဲလာသည်နှင့်အညီ ပညာရေးစနစ်ကို အဓိကထား ဆောင်ရွက်လျှက်ရှိကြောင်း၊ ခေတ်နှင့် အညီပညာအရည်အချင်းရှိမှသာလျှင် နိုင်ငံတော်အတွက် ထက်မြတ်သည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ကြမည်မှာ အမှန်ပင်ဖြစ်ပါကြောင်း” ပြောကြားခဲ့ပါတယ်။

အဆိုပါပြည်သူ့စကားဝိုင်းတွေကို ဖြူးမြို့နယ်မှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေ၊ စောရေးဆရာတွေနဲ့ ကျောင်းသားကျောသူတွေ စုပေါင်းပြီး လူငယ်နှင့်အချိန် ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သေးကြောင်း သိရပါတယ်။

သတင်း-ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013