DVB Logo
Home
မြန်မာသတင်း
နောင်ချိုနှင့်ဟိုပင်တွင် ငွေကျပ်သိန်း ၉၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
June 22, 2018
နောင်ချိုနှင့်ဟိုပင်တွင် ငွေကျပ်သိန်း ၉၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
Donate to DVB

ရှမ်းပြည်နယ် နောင်ချိုနဲ့ ဟိုပင်မြို့တို့တွင် ငွေကျပ်သိန်း ၉၀၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

မူးယစ်တပ်ဖွဲ့စု ၂၄ လားရှိုးမှ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇွန် ၂၁ ရက်နေ့ ညနေ ၅ နာရီက နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီး မူဆယ်-မန္တလေးသွား ပြည်ထောင်စု ကားလမ်းမှာ ခရီးသည်တင်မော်တော်ယာဉ်ကို ရှာဖွေရာမှ ငွေကျပ် ၈၉၃၉ ဒသမ ၄ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိခဲ့တာပါ။

ခရီးသည် မြင့်သူ နဲ့ မအေးဆိုင်မွမ်းတို့ရဲ့ ကော်ပုံး ၄ ပုံးနဲ့ ခရီးဆောင်အိတ်အတွင်းကနေ ဘိန်းဖြူဆပ်ပြာခွက် ၆၆၀ ခွက် (ဘိန်းဖြူ အလေးချိန် ၇ ဒသမ ၂၆ ကီလို)၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၈,၀၀၀ ပြား၊ ရွှေလက်ကောက် ၆ ကွင်း၊ MC ဟန်းချိန်း ၁ ခု၊ ရွှေဆွဲကြိုး၁ ကုံး၊ ဆွဲသီး ၁ ခု၊ ရွှေလက်စွပ် ၄ ကွင်း၊ ရွှေနားကပ် ၁ ရံ၊ ငွေကျပ် ၁၀ သိန်းနြ့ လက်ကိုင်ဖုန်း ၃ လုံး တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ကွင်းဆက်အရ ည ၈ နာရီအချိန်မှာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်ခိုင်းသူ မနှင်းရီကို ဟိုပင်မြို့၊ မြသီတာရပ်ကွက်၊ နယ်မြေ (၃)၊ နန်းချယ်ရီလမ်းနေအိမ်မှာ ဖမ်းဆီးရမိခဲ့ပြီး သူတို့ ၃ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

အလားတူ မိုင်းတုံနှင့် တန့်ယန်းမြို့တို့မှာလည်း ဇွန် ၂၁ ရက်နေ့က စိတ်ကြွဆေးပြားတွေ ဖမ်းမိခဲ့ပါတယ်။

ဇွန် ၂၁ ရက်နေ့မနက်က မူးယစ်တပ်ဖွဲ့စု ၂၉ မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့က မိုင်းတုံမြို့၊ မြို့မ (ကွက်သစ်) ရပ်ကွက်နေ ကျဆော် နှင့် မနာပါး(ခ)လားဟူမ တို့ရဲ့ နေအိမ်ကို ရှာဖွေရာ အိပ်ခန်း ကြမ်းခင်းအောက်အံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၇၈၀ ပြား၊ ငွေကျပ် ၆ သိန်းနဲ့ ထိုင်းငွေ ၆၅,၀၀၀ ဘတ်တို့ကို ဖမ်းဆီးမိခဲ့ပါတယ်။

မွန်းတည့် ၁၂ နာရီလောက်မှာလည်း မူးယစ်တပ်ဖွဲ့စု ၂၃ တန့်ယန်းမှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ တန့်ယန်းမြို့၊ ရပ်ကွက် (၂) မန်မိုင်ဝကျေးရွာနေ စိုင်းထွန်းရဲ့ နေအိမ်ကို ရှာဖွေရာ မီးဖိုခန်းထင်းပုံအောက်မြေကျင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၄၀၀ ပြားကို ဖမ်းဆီးမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

စိုင်းထွန်း(ခ) အိုက်ထွန်း၊ ကျဆော်၊ မနာပါး (ခ) လားဟူမ (ဖမ်းမမိသေး) တို့အား မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013