DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် မြေပြိုမှုနှင့် မိုးကြိုးအန္တရာယ် မိုးဇလ သတိပေး
DVB
·
June 22, 2018
ကရင်ပြည်နယ်တွင် မြေပြိုမှုနှင့် မိုးကြိုးအန္တရာယ် မိုးဇလ သတိပေး
Donate to DVB

ကရင်ပြည်နယ်မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာဖို့ရှိလို့ တောင်ပေါ်ဒေသတွေမှာ တောင်ပြို၊ မြေပြိုတာတွေ ဖြစ်နိုင်လို့ အထူးသတိထားကြဖို့ မိုးလေ၀သနှင့် ဇလဗေဒ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကိုကိုက ပြောပါတယ်။

“၂၄ နာရီအတွင်းမှာ မိုးရေများနိုင်တဲ့အတွက် တောင်ကျရေ ဆင်းလာလို့ရှိရင် ရုတ်တရက် ရေကြီးတာတွေဖြစ်မယ်။ တောင်ပြိုမြေပြိုတာတွေ ဖြစ်မယ်။ လေပြင်းတွေတိုက်ခိုက်မယ်။ နောက် အထူးသတိထားရပါမယ်။ တောင်စောင်းမှာနေတဲ့သူတွေ တောင်ပြိုမှာတွေ ဂရုစိုက်ရပါမယ်။ ရုတ်တရက်​ ရေ၀င်ရောက်မယ်။ ညအိပ်နေတဲ့အချိန်မှာ ဖြစ်လာနိုင်တဲ့ အတိုင်းအတာရှိတော့ အထူးဂရုပြုနေထိုင်ကြဖို့”ပြောပါတယ်။

ကရင်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလင်းထွဋ်က “သဘာဝဘေးဆိုတာ ဘယ်အချိန် ဘယ်အခါမှ ဖြစ်မယ်ဆိုတာ မျှော်လင့်ထားလို့မရဘူး။ အချိန်အခါအလိုက် ပြောင်းလဲနေတဲ့ ရာသီဥတုပြောင်းလဲမှုကို အမြဲတမ်း သတိပြုစေချင်ပါတယ်။ အားလုံးပူးပေါင်းပါဝင်ပြီးတော့ သဘာဝဘေးအသိပညာနဲ့ ရှောင်ရန် ဆောင်ရန်တွေကို အားလုံးလိုက်နာဆောင်ရွက်ဖို့” ပြောပါတယ်။

ဒီကနေ့မနက် ၆ နာရီ တိုင်ထွားချက်အရ သံလွင်မြစ်ရေဟာ ၅၁၂ မီတာမှာရောက်ရှိနေပြီး မနေ့က ဇွန် ၂၁ ရက်နေ့ တိုင်ထွားချက်အရ ၅၃၂ စင်တီမီတာကနေ မြစ်ရေ အနည်းငယ် ကျဆင်းခဲ့ပြီး နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တဲ့အတွက် မြစ်ကမ်းပါးနေထိုင်သူတွေနဲ့ တောင်ပေါ်နေထိုင်သူတွေကို သတိပြုနေထိုင်ကျဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

မနေ့က ရွာသွန်းခဲ့တဲ့ မိုးရေချိန် ၃ ဒသမ ၀၄ လက်မရှိပြီး တရုတ်ပြည်နယ်နဲ့ မြန်မာပြည်အထက်ပိုင်းမှာ မိုးဆက်လက်ရွာသွန်းနေရင် သံလွင်မြစ်ရေ တိုးလာနိုင်ဖွယ်ရှိပြီး သံလွင်မြစ်ရေ ၇၅၀ စင်တီမီတာရောက်ရှိရင် ဘားအံမြို့ရဲ့ စိုးရိမ်ရေအမှတ်အဖြစ် သတ်မှတ်ထားပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013