DVB Logo
Home
မြန်မာသတင်း
FDA အရာရှိ အမျိုးသမီးကို သတ်ဖြတ်မုဒိမ်းကျင့်မှုဖြင့် တက္ကစီယာဉ်​​မောင်းအား သေဒဏ်​ချ
DVB
·
June 22, 2018
FDA အရာရှိ အမျိုးသမီးကို သတ်ဖြတ်မုဒိမ်းကျင့်မှုဖြင့် တက္ကစီယာဉ်​​မောင်းအား သေဒဏ်​ချ
Donate to DVB

FDA အရာရှိ အမျိုးသမီးကို လူသတ်​မုဒိမ်းပြုကျင့်ခဲ့ကြောင်း ပြစ်မှုထင်​ရှားလို့ ရန်ကုန်  အ​ရှေ့ပိုင်းခရိုင်​ တရားရုံးက အငှားယာဉ်​​မောင်း မျိုးဇော်​ဦး (ခ) ဆီဒိုးနားကို ရာဇသတ်​ကြီးပုဒ်​မ ၃၀၂ (၁) ဂ နဲ့ ​သေဒဏ်​ အမိန့် ချမှတ်လိုက်ပါတယ်​။

တရားခံ မျိုးဇော်​ဦးဟာ မုဒိမ်းကျင့်​တယ်​ဆိုတာကို ငြင်းဆိုထားပြီး မူလ​ဖြောင့်​ချက်​​တွေကို တရားရုံးမှာ ရုပ်သိမ်း​ကြောင်း ​လျှောက်​ထားခဲ့တဲ့အပြင်​ ​မှုခင်းဆရာဝန်​ရဲ့ ​ဆေးစစ်​ချက်​​တွေကလည်း အမျိုးသားအင်္ဂါနဲ့ အမျိုးသမီး လိင်​အင်္ဂါတွေမှာ သုတ်​ပိုးမရှိဘူးဆို​တာ ​စစ်​​ဆေး​ပေါ်​ပေါက်​ခဲ့​ပါတယ်​။

ဒါ​ပေမယ့် အမှုဖြစ်​စဉ်​ စစ်​​ဆေး​ပေါ်​ပေါက်​ချက်​​တွေနဲ့ သက်​​သေစစ်​​ဆေးချက်​​တွေအရ ပြစ်​မှုထင်​ရှား​ကြောင်း၊ မုဒိမ်းမှုမှာလည်း မှုခင်းဆရာဝန်​​တွေရဲ့ ​ဆေးစစ်​ချက်​မှာ သုတ်​ပိုးမ​တွေ့ရှိပေမယ့် မိန်းမကိုယ်​ ထိုးသွင်းဒဏ်​ရာ၊ သွေးထွက်​ဒဏ်​ရာ တွေ့ရှိချက်​​တွေအရ ​ရာဇသတ်ကြီး ပုဒ်​မ ၃၀၂ (၁) ဂ နဲ့ ​သေဒဏ်​ချမှတ်​လိုက်​တာပဲ ဖြစ်​ပါတယ်​။

“​သေဒဏ်​ဆိုတာ တရားဥပ​ဒေပုဒ်​မ စီရင်​ချက်​​တွေအရ ​Only dead ​ပါပဲ” လို့ အ​ရှေ့ပိုင်း​ခရိုင်​ တရားရုံး တွဲဘက်​တရားသူကြီး ဦးထွန်းထွန်းဦးက ပြောပါတယ်​။

တရားခံ မျိုးဇော်​ဦးရဲ့ ​ရှေ့နေ ဦး​မောင်​​မောင်​စိုးက​တော့ ဒီ​သေဒဏ်​ဟာ မတရားဘူးလို့ အမိန့်​ချအပြီးမှာ ​ပြောဆိုလိုက်​ပါတယ်​။

“အလုပ်​ကြမ်းနဲ့ ​ထောင်​ဒဏ် ဆယ်​နှစ်​​လောက်​ပဲ ချသင့်တာပါ။ အခုက မတရားဘူး။ လက်​စား​ချေသလို ဖြစ်​​နေတယ်​။ အယူခံအတွက်​ ဆက်​လုပ်​သွားမှာပါ” လို့ တရားခံ​ရှေ့နေက​ ပြောပါတယ်​။

ဒီ​နေ့အမိန့်​ချတဲ့ တရားခွင်​မှာ​တော့ စိတ်​ဝင်​တစား လာ​ရောက်နား​ထောင်​သူ များပြားခဲ့ပြီး သေဆုံးသူ မ​ရွှေရည်​ဝင်းရဲ့ ဖခင်​က​တော့ ခုလို ပြစ်ဒဏ်ချမှတ် အရေးယူတာကို ​ကျေနပ်​တယ်​လို့ မီဒီယာ​တွေကို ​ပြောကြားခဲ့ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013