DVB Logo
Home
မြန်မာသတင်း
ရက်ပိုင်းအတွင်း ကြည့်ရှုသူ ၃ သိန်းကျော်သွားတဲ့ ငဒူရုပ်ရှင်ဇာတ်ဝင်တေး(ရုပ်သံ)
DVB
·
June 22, 2018
ရက်ပိုင်းအတွင်း ကြည့်ရှုသူ ၃ သိန်းကျော်သွားတဲ့  ငဒူရုပ်ရှင်ဇာတ်ဝင်တေး(ရုပ်သံ)
Donate to DVB

မကြာခင်မှာ ရုံတင်ပြသတော့မယ့် ငဒူရုပ်ရှင်ကားရဲ့ ဇာတ်ဝင်သီချင်းဟာ သုံးရက် အတွင်း ၀င်ရောက်ကြည့်ရှုသူ ၃ သိန်းကျော်သွားခဲ့ပြီဖြစ်ပြီး အွန်လိုင်းပေါ်မှာ နာမည်ကြီး နေပါတယ်။

“တနေကုန်လည်း သူ့ခမျာ ငြိမ်ငြိမ်မနေနိုင်ပဲ… စိတ်ထဲရှိသလို… သူဘာမဆို ကူ ညီတယ်… ဒါပေမယ့်လည်း… သူ့ရဲ့ ဥာဏ်လေးနဲ့… ဒါပေမယ့်လည်း… သူအမှားတော့ ဘယ်ကင်းမလဲ”

ရိုးသားဖြူစင်တဲ့ နုံနုံအအဇာတ်ကောင် ငဒူရဲ့ သွင်ပြင်နဲ့ အမူအကျင့်တွေကို ပေါ် လွင်အောင် ရေးစပ်ထားတဲ့ ဒီသီချင်းကိုတော့ အဆိုတော် ကြက်ဖနဲ့အဖွဲ့က သီဆိုထား တာဖြစ်ပြီး ရပ်ရှင်ဇာတ်ဝင်ခန်းပုံရိပ်တွေနဲ့အတူ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့  ဂျင်းကောင်လို့ ပရိသတ်တွေက  ချစ်စနိုး ခေါ်ကြတဲ့ မြင့်မြတ်  ထူးခြားတဲ့ ဇာတ်ကောင် ခပ်နုံနုံ၊ ခပ်အအ ဇာတ်ကောင် ငဒူအဖြစ် ရှုစားကြရမှာ ဖြစ်ပြီး ဒီရုပ်ရှင်ကားကိုတော့ အောင်တိုင်းကျော်ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်တင်ဆက်လိုက် တာပါ။

ဓနုတ်ကိုကိုဇော်ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ရိုက်ကူး ပုံဖော်ထားတဲ့ ဒီကားထဲမှာတော့ မြင့်မြတ်နဲ့အတူ နာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်တဲ့ မင်းဦး၊ ရွှေမှုန်ရတီ၊ နန်းဆုဦးတို့ကပါ အတွဲညီညီနဲ့ ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ကမ်းခြေရွာကလေးတရွာမှာ ပုံဖော်ရိုက် ကူးထားတဲ့ ရုပ်ရှင်ကားထဲမှာတော့ မြင့်မြတ်က ရိုးသားဖြူစင်ပြီး ချစ်စရာကောင်းတဲ့ မိဘမဲ့ဇာတ်ကောင်တယောက်အဖြစ် ဘယ်လိုသရုပ် ဆောင်ထားသလဲဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါ တယ်။

“လူအများစု သူ့အပေါ်… မစာနာချင်ပေမယ့်… ကောင်မလေးတယောက်နဲ့တော့ သူ ခင်တွယ်နေပါတယ်… ဒီလိုနဲ့ပဲ… သူချစ်တဲ့… စိတ်လေးနဲ့… ဒီလိုနဲ့ပဲ… စိတ်ကူးက ယဉ်သေးတယ်…”

မြင့်မြတ်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို အမှောင် တွေရွာချတဲ့မိုးတိမ် ဇာတ်ကားနဲ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထား ပြီး အားပေးချစ်ခင်တဲ့ ပရိသတ်များစွာရှိထားသူတဦးဖြစ်ကာ ရွှေမှုန်ရတီဟာလည်း ငယ်ရွယ်ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ အနုပညာရှင်တဦးဖြစ်တာမို့ ဒီရုပ်ရှင်ကားကို ပရိသတ်တွေက စောင့်မျှော်နေ ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013