DVB Logo
Home
မြန်မာသတင်း
ကုမ္ပဏီနှင့် အသင်းအဖွဲ့အားလုံး အွန်လိုင်းစနစ်သစ်ဖြင့် ပြန်လည်မှတ်ပုံတင်ရမည်
DVB
·
June 22, 2018
ကုမ္ပဏီနှင့် အသင်းအဖွဲ့အားလုံး အွန်လိုင်းစနစ်သစ်ဖြင့် ပြန်လည်မှတ်ပုံတင်ရမည်
Donate to DVB

မြန်မာတနိုင်ငံလုံးမှာရှိတဲ့  ကုမ္ပဏီတွေ၊ အသင်းအဖွဲ့တွေနဲ့ အဖွဲ့အစည်းတွေအားလုံး သြဂုတ် ၁ ရက်က စပြီး ပြန်လည်မှတ်ပုံတင်ကြဖို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနက အသိပေး ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ စတင်အာဏာတည်တဲ့ ၂၀၁၈ ခုနှစ် သြဂုတ် ၁ ရက်ကစပြီး ကုမ္ပဏီဆိုင်ရာ မှတ်ပုံတင်လုပ်ငန်းတွေကို အီလက်ထရောနစ် မှတ်ပုံတင်စနစ် Myanmar Companies Online (MyCo) စနစ်နဲ့ ဆောင်ရွက်သွားရမှာလို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ၁၉၁၄ (သို့မဟုတ်) ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီ အက်ဥပဒေတို့နဲ့ မှတ်ပုံတင်ထားတဲ့ တည်ဆဲကုမ္ပဏီတွေ၊ အသင်းအဖွဲ့တွေ၊ အဖွဲ့အစည်းတွေအားလုံးဟာ ၂၀၁၈ ခုနှစ် သြဂုတ် ၁ ရက်က စပြီး ၂၀၁၉ ဇန်န၀ါရီ ၃၁ ရက်ထိ ၆ လတာ ကာလအတွင်း ကုမ္ပဏီမှတ်ပုံတင်စနစ်သစ် (MyCo) မှာ သတ်မှတ်ပုံစံ နည်းလမ်းတွေအတိုင်း ပြန်လည်မှတ်ပုံတင်ကြဖို့ နှိုးဆော်ထားပါတယ်။

ဒီလို ပြန်လည်မှတ်ပုံတင်ရာမှာ အခကြေးငွေတွေ ပေးသွင်းဖို့ မလိုဘူးလို့လည်း  ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မကြာသေးခင်ကမှ အသစ်ပြင်ဆင် ရေးဆွဲပြဋ္ဌာန်းထားတဲ့ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေသစ်ဟာ ၂၀၁၈ သြဂုတ်လ ၁ ရက်နေ့မှာ စတင်အာဏာတည်တဲ့အကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လက်မှတ်ရေးထိုးပြီး ဇွန်လ ၂၁ ရက် နေ့စွဲနဲ့ သမ္မတရုံးက အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013