DVB Logo
Home
မြန်မာသတင်း
လှော်ကားတွင် လုံခြုံရေးဝန်ထမ်း ၁ ဦး ရေမြင်းအကိုက်ခံရ၍ သေဆုံး
DVB
·
June 22, 2018
လှော်ကားတွင် လုံခြုံရေးဝန်ထမ်း ၁ ဦး ရေမြင်းအကိုက်ခံရ၍ သေဆုံး
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် မြောက်ပိုင်းရပ်ကွက်ရှိ လှော်ကားဥယျာဉ်မှာ လုံခြုံရေးဝန်ထမ်း၁ဦး ရေမြင်းအကိုက်ခံရပြီး ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၂၀ ရက် ည ၇ နာရီအချိန်က လှော်ကားဥယျာဉ်အတွင်းရှိ ရေမြင်းကန်မှာ လုံခြုံရးဝန်ထမ်းတဦး ရေမြင်းကိုက်ခံရလို့  သေဆုံးသွားကြောင်း သတင်းအရ ထောက်ကြန့် နယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူ အသက် ၄၈ နှစ်အရွယ် ဦးသီဟ ဟာ တရပ်ကွက်တည်းနေ တူဖြစ်သူ ဖြိုးခန့် ကျော်နဲ့အတူ လှော်ကားဥယျာဉ်ရှိ ရေမြင်းကန်အတွင်းဆင်းကာ လိုက်လံစနောက်ရာက ရေမြင်းအကိုက်ခံရလို့  ဒဏ်ရာတွေရရှိကာ သေဆုံးသွားခဲ့တာလို့ ရဲဇာနည်သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ခုလို ရေမြင်းကိုက်ခံရလို့ လူသေဆုံးတဲ့ ဖြစ်ရပ်ဟာ ရှားရှားပါးပါးဖြစ်ပြီး ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ထောက်ကြန့် နယ်မြေရဲစခန်းမှာ သေမှုသေခင်း အမှတ်စဉ်(၉/၂၀၁၈)နဲ့ ရေးဖွင့်စစ်ဆေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013