DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 21, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ဒီနေ့မှာတော့ရန်ကုန် ကုန်စည်ဒိုင်နဲ့  နယ်မြို့ကုန်စည်ဒိုင်တို့ရဲ့ ဈေးနှုန်းကွာခြားချက် တွေကို  AMIA က တင်ပြ ပေးသွားမှာပါ။

မတ်ပဲ

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲ အဟောင်းက ပိဿာ ၆၀ ၀င် တအိတ်ကို ၄၅၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၃၀၀၀ ကနေ ၄၇၀၀၀ ပေါက်ဈေးရှိပါတယ်။

ရန်ကုန်နဲ့မန္တလေး တအိတ်ကို ၂၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံနီအဟောင်း  တအိတ်ကို ၄၈၇၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ အဟောင် တအိတ်ကို ၄၆၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။

ရန်ကုန်နဲ့မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၂၇၀၀ ဈေးကွာခြားမှုရှိပါတယ်။

ပဲလွန်းဖြူ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲလွန်းဖြူက တအိတ်ကို ၃၈၀၀၀ ကနေ ၄၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၄၃၅၀၀ ပေါက်ဈေးရှိပြီး မန္တလေး နဲ့ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၃၅၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

နှမ်းဖြူ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူက ၄၅ ပိဿာ ၀င် တအိတ်ကို ၁၂၈၀၀၀ ကနေ ၁၄၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၂၆၀၀၀ ကနေ ၁၃၅၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၄၅၀၀ ကျပ်ဈေးတက်လာပါတယ်။မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၅၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

နှမ်းညို

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုက တအိတ်ကို ၁၂၀၀၀၀ ကနေ ၁၂၁၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၁၀၂၅၀ ကနေ ၁၁၂၅၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။

မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို  ၈၅၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

စားအုန်းဆီ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စားအုန်းဆီက တပိဿာကို ၁၆၇၀ ကနေ ၁၆၈၀ ပေါက်ဈေးရှိပြီး တပိဿာကို ၁၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မုံရွာကုန်စည်ဒိုင်မှာတော့ တပိဿာကို ၁၆၉၀ ကနေ ၁၇၁၀ ပေါက်ဈေးရှိပြီး တပိဿာကို ၁၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးနဲ့မုံရွာကုန်စည်ဒိုင် တပိဿာကို ၃၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013