DVB Logo
Home
မြန်မာသတင်း
တတိယပင်လုံတွင် ဆွေးနွေးရန် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ ဘုံရပ်တည်ချက်တခုရရှိ
DVB
·
June 21, 2018
တတိယပင်လုံတွင် ဆွေးနွေးရန် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ ဘုံရပ်တည်ချက်တခုရရှိ
Donate to DVB

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစု ပင်လုံတတိယ အစည်းအဝေးမှာ ဆွေးနွေးဖို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့တို့ရဲ့ ရပ်တည်ချက်တခုကို ရရှိခဲ့ပြီလို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီအတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြောပါတယ်။

နေပြည်တော်မှာ ဇွန် ၁၉ ရက်ကစပြီး ၃ ရက်ကြာပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစု ပင်လုံတတိယ အစည်းအဝေး အကြိုပြင်ဆင်နိုင်ရေး အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့ ဆွေးနွေးပွဲများအပြီးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“ဆွေးနွေးပွဲများမှာ အရင်စုစည်းခဲ့တဲ့ စုစည်းချက်တွေ၊ မွန်အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲက ရရှိခဲ့တဲ့အချက်တွေ၊ CSO ဖိုရမ်က တင်ပြလာတဲ့ အချက်တွေကို မူတည်ပြီး ကဏ္ဍအလိုက် ဆွေးနွေးကြပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့တို့ရဲ့ ရပ်တည်ချက် တခုကို ရရှိခဲ့ပါတယ်။ အခုအစည်းအဝေး အောင်မြင်ပါတယ်။”လို့ ဦးခင်ဇော်ဦးက ပြောပါတယ်။

တတိယအကြိမ် ညီလာခံပြီးရင် လုပ်ငန်းကော်မတီ အစည်းအဝေးကို မကြာခဏ ကျင်းပမယ်၊ ညီလာခံကို ၆ လတကြိမ်ကျင်းပနိုင်ဖို့  ကြိုးစားရမယ်လို့လည်းပြောပါတယ်။

၃ ရက်ကြာအစည်းအဝေးကနေ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ တတိယ အစည်းအဝေးမှာ တင်ပြနိုင်ဖို့  ကဏ္ဍအလိုက်ရလဒ်တွေကို စုစည်း နိုင်ခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

လာမယ့် ဇူလိုင်လအတွင်း ကျင်းပပြုလုပ်ဖို့ လျာထားတဲ့ တတိယပင်လုံအစည်းအဝေးမှာ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊လုံခြုံရေးကဏ္ဍ၊မြေယာ/ သဘာဝ ပတ်ဝန်းကျင် ကဏ္ဍ စတဲ့ ကဏ္ဍ ၅ခုကို  ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် မေလအတွင်း ကျင်းပခဲ့တဲ့  ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ အစိုးရနဲ့ တပ်မတော်တို့ကြား သဘောထား ကွဲလွဲတာ တွေဖြစ်ပေါ်ခဲ့ပါတယ်။

အလားတူ ထပ်မဖြစ်အောင် တတိယပင်လုံအစည်းအဝေးမတိုင်မီ  အခုလို ကြိုတင် ဆွေးနွေးပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်တိုကြား ဘုံသဘောတူညီချက်တခု ရှာဖွေခဲ့ကြတာ ဖြစ်ပါတယ်။

လာမယ့် ဇူလိုင်လလယ်ပိုင်းလောက်မှာ ကျင်းပဖို့ရှိတဲ့၂၁ရာစု ပင်လုံ တတိယအစည်း အဝေးမှာ ပါဝင်တက်ရောက်ဖို့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် တပ်ဖွဲ့ဝင်တွေ အားလုံးကို ဖိတ်ကြားဖို့ကိစ္စ ဆွေးနွေးရဦးမယ်လို့  နိုင်ငံတော် သမ္မတရုံးက ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောထားပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူးတွေဖြစ်တဲ့  ဦးခင်ဇော်ဦး၊ ဦးလှမောင်ရွှေ၊ ဦးဇော်ဌေး၊ ဦးအောင်စိုး၊ ဒုဗိုလ်ချုပ်ကြီးတင်မောင်ဝင်းနဲ့ ပူးတွဲကော်မတီဝင်တွေ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲတို့မှ ကိုယ်စားလှယ်တွေ၊ အစိုးရအစုအဖွဲ့မှပါဝင်သင့်ပါဝင်ထိုက်သူတွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ-State Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013