DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်လက်မှတ်များ စတင်ထုတ်ပေးနေ
DVB
·
June 21, 2018
တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်လက်မှတ်များ စတင်ထုတ်ပေးနေ
Donate to DVB

ဒီနှစ်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြတဲ့ ကျောင်းသားတွေအတွက် စာမေးပွဲ အောင်လက်မှတ်တွေကို ဇွန်လ ၂၀ ရက်နေ့က စတင်ထုတ်ပေးနေပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်တွေကို ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေ အတွင်းမှာရှိတဲ့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနဲ့ နေပြည်တော်ရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (ရုံးချုပ်) တွေမှာ ထုတ်ပေးနေတာပါ။

အောင်လက်မှတ် ထုတ်ယူဖို့အတွက် Passport ဓာတ်ပုံ ၂ ပုံနဲ့အတူ ငွေ ၆၀၀ ကျပ်ကို ပေးသွင်းရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနအနေနဲ့ တနေ့ကို အောင်လက်မှတ်အစောင် ၅၀၀၀ နီးပါး ထုတ်ပေးနေရတာဖြစ်ပြီး အောင်လက်မှတ်တွေကို နေ့ချင်းပြီးထုတ်ပေးနေတာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ တနိုင်ငံလုံးအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့သူ ၂ သိန်းခွဲကျော် ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013