DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ(ရုပ်သံ)
DVB
·
June 21, 2018
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ(ရုပ်သံ)
Donate to DVB

ဒီတပတ်ရဲ့ Movie Crazy-DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံ မှန်တင်ဆက်နေကျဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကား တွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။


ပရိသတ်တွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Adventure Road Trip Comedy Drama အမျိုးအစား ရုပ်ရှင် Boundaries အမည်ရတဲ့ ရုပ်ရှင်ကားပါ။
    ဒီဇာတ်လမ်းကို အမေရိကန်အမျိုးသမီး ဒါရိုက်တာတယောက်ဖြစ်တဲ့ Shana Feste က သူကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဒါရိုက်တာအဖြစ် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါ တယ်။

ဇာတ်လမ်းအကျဉ်းကတော့ Laura ဟာ အမေရိကန်နိုင်ငံ၊ Seattle မှာ နေထိုင်တဲ့  Single Mother အမျိုးသမီးတယောက်ဖြစ်ပြီး သူ့မှာ Henry ဆိုတဲ့ ဆယ်ကျော်သက် သားတယောက်ရှိတယ်။ Laura ရဲ့ ဖခင် Jack ကတော့  အငြိမ်းစားတယောက်လည်း ဖြစ်ပြီး Weed Dealer တယောက်ဖြစ်တယ်။


Laura မှာ အကြွေးတွေလည်း ရှိနေပြီး သားဖြစ်သူကို Private School တခုခုကို ပို့ချင်ပေမယ့် အဆင်မပြေဘူး။ သားဖြစ်သူဟာလည်း ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့ အခြေအနေ ဖြစ်နေတယ်။
အဲဒီအချိန်မှာပဲ ဖခင်ဖြစ်သူ Jack ဟာ မူးယစ်ဆေးဝါးကိစ္စကြောင့် သူနေထိုင်တဲ့ ဂေဟာကနေ နှင်ထုတ်ခံရချိန်မှာ Laura ကို L.A မှာရှိတဲ့ သမီးဖြစ်သူဆီ လိုက်ပို့ခိုင်း တယ်။


  Laura ဟာ L.A မှာနေတဲ့ ညီမဖြစ်သူ JoJo ဆီ ဖခင်ကို လိုက်ပို့ရဖို့ ဖြစ်လာတယ်။ သူလိုက်ပို့ရင် မြေးဖြစ်သူ Henry ကို ကျောင်းပို့ဖို့ ပိုက်ဆံပေးမယ်ဆိုပြီး  Jack က အပေးအယူတခုလုပ်တယ်။
ဖခင်နဲ့ သူ့ကြားမှာလည်း ခပ်တန်းတန်း ဆက်ဆံရေးမျိုးရှိနေတယ်။ အဲဒီ လမ်းတလျှောက်မှာတော့ Jack ဟာ Laura မသိစေပဲနဲ့ ကားရပ်တဲ့ နေရာတိုင်းမှာ သူ့ရဲ့ ဆေးခြောက်ရောင်းဖို့ အစီအစဉ်မှာ မြေးဖြစ်သူကို ပါဝင်ကူညီဖို့ ဆွဲဆောင်စည်းရုံး နေတယ်။

ခရီးတလျှောက်မှာ သောင်းကျန်းတဲ့ သားဖြစ်သူ မြေးအဖိုးနဲ့အတူ Laura ဟာ ဘယ်လိုတွေ ကြုံတွေ့ရမလဲ။ ခရီးစဉ်အဆုံးမှာရော မိသားစုဝင်တွေ ချောချောမွေ့မွေ့ ဆုံတွေ့နိုင်ပါ့မလားဆိုတာကို စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာ ဦးဆောင်ပါဝင်ထားကြတဲ့သူတွေကတော့ Laura နေရာမှာ အမေရိ ကန်မင်းသမီး Vera Farmiga ၊ Jack နေရာမှာတော့ ကနေဒီယန်းမင်းသားကြီး Christopher Plummer နဲ့အတူ ဆယ်ကျော်သက်ကောင်လေး Henry နေရာမှာတော့ Lewis MacDougall တို့က ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။
ကြာမြင့်ချိန် ၁၀၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၂၂ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ ကြေငြာထားပါတယ်။


ဒုတိယတကား မိတ်ဆက်ပြောပြပေးချင်တာကတော့ ငဒူလို့ အမည်ရတဲ့ မြန်မာ ရုပ်ရှင်ကားတကားဖြစ်ပါတယ်။ ဒီကားထဲမှာတော့  

ဂျင်းကောင်လို့ ပရိသတ်တွေက  ချစ်စနိုး ခေါ်ကြတဲ့ မြင့်မြတ်ကို ထူးခြားတဲ့ ဇာတ်ကောင် ခပ်နုံနုံ၊ ခပ်အအ ဇာတ်ကောင် ငဒူအဖြစ် ရှုစားကြရမှာ ဖြစ်ပြီး ဒီရုပ်ရှင်ကားကိုတော့ အောင်တိုင်းကျော်ရုပ်ရှင်ထုတ်လုပ် ရေးက စီစဉ်တင်ဆက်လိုက်တာပါ။
   

ဓနုတ်ကိုကိုဇော်ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင်က ရိုက်ကူး ပုံဖော်ထားတဲ့ ဒီကားထဲမှာတော့ မြင့်မြတ်နဲ့အတူ နာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်တဲ့ မင်းဦး၊ ရွှေမှုန်ရတီ၊ နန်းဆုဦးတို့ကပါ အတွဲညီညီနဲ့ ပါဝင်ထားကြတာ ဖြစ်ပါတယ်။
   ကမ်းခြေရွာကလေးတရွာမှာ ပုံဖော်ရိုက် ကူးထားတဲ့ ရုပ်ရှင်ကားထဲမှာတော့ မြင့်မြတ်က ရိုးသားဖြူစင်ပြီး ချစ်စရာကောင်းတဲ့ မိဘမဲ့ဇာတ်ကောင်တယောက်အဖြစ် ဘယ်လိုသရုပ် ဆောင်ထားသလဲဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။
    မြင့်မြတ်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို အမှောင် တွေရွာချတဲ့မိုးတိမ် ဇာတ်ကားနဲ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထား ပြီး အားပေးချစ်ခင်တဲ့ ပရိသတ်များစွာရှိထားသူတဦးဖြစ်ကာ ရွှေမှုန်ရတီဟာလည်း ငယ်ရွယ်ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစား တဲ့ အနုပညာရှင်တဦးဖြစ်တာမို့ ဒီရုပ်ရှင်ကားကို ပရိသတ်တွေက စောင့်မျှော်နေ ကြတာ ဖြစ်ပါတယ်။
ဒီကားကိုတော့ လာမယ့် ဇွန်လ ၂၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

တတိယတကား မိတ်ဆက်ပြောပြပေးချင်တာကတော့ The Catcher was a Spy ဆိုတဲ့ ဇာတ်ကားပါ။


ဒီကားကတော့ American Biographical Spy Film ရုပ်ရှင်အမျိုးအစားဖြစ်ပြီး သြစတေးလျရုပ်ရှင်ဒါရိုက်တာ Ben Lewin က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ခံ ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်ဖြစ်ပြီး အမေရိကန်သမိုင်း မှာ အစိုးရရဲ့ Spy အဖြစ် နာမည်ကြီးခဲ့တဲ့ Moe Berg အကြောင်းကို အခြေတည်ရိုက် ကူးထားတာပါ။


Moe Berg ဟာ အဲဒီအချိန်ကာလက Baseball ကစားသမားတယောက်ဖြစ်ပြီး နောက်ပိုင်းမှာ အမေရိကန်အစိုးရအတွက် Spy အဖြစ် ပူးတွဲအမှုထမ်းခဲ့ရတာ ဖြစ်ပါ တယ်။ Princeton University နဲ့ Columbia Law School တွေကနေ ဘွဲ့ရရှိခဲ့တဲ့ သူ့ရဲ့ အကြောင်းကလည်း စိတ်ဝင်စားစရာပါပဲ။


သူဟာ ဘာသာစကား ၉ မျိုးလောက်ကို တတ်ကျွမ်းသလို နေ့စဉ် သတင်းစာ ၁၀ စောင်လောက်ကိုလည်း ဖတ်လေ့ရှိတယ်လို့ ဆိုပါတယ်။ အစိုးရရဲ့ တာဝန်ပေးချက်အရ အဲဒီကာလမှာ German Nuclear Program အတွက် သတင်းထောက်လှမ်း ဖော်ထုတ် နိုင်ခဲ့လို့ ချီးကျူးခံခဲ့ရသူတဦးလည်း ဖြစ်ပါတယ်။


ဒီရုပ်ရှင်ကားထဲမှာတော့ Moe Berg နေရာမှာ သရုပ်ဆောင်မင်းသား Paul Rudd က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသားကြီး Mark Strong, Jeff Daniels, မင်းသမီး Sienna Miller တို့က တွဲဖက် သရုပ်ဆောင် ထားကြပါတယ်။
စစ်ပွဲနောက်ခံကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေ၊ လိင်ပိုင်းဆိုင်ရာ ပြကွက်တွေနဲ့ ပြောစကား ဒိုင်ယာလော့ဂ်တွေ ပါဝင်တာမို့ ဒီကားကိုတော့ Rated R အဆင့် သတ်မှတ် ထားပါတယ်။


ကြာမြင့်ချိန် ၉၈ မိနစ်ရှိတဲ့ ဒီကားကိုတော့ လာမယ့် ဇွန်လ ၂၂ ရက်နေ့မှာ ရုံတင်ပြ သတော့မှာ ဖြစ်ပါတယ်။


နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ဇာတ်ကားကတော့ သရဲဝိညာဉ်လောက အကြောင်း ထူးထူးခြားခြား ရိုက်ကူးတင်ဆက်ထားတဲ့ ၀ိညာဉ်စိမ်း ရုပ်ရှင်ကားပဲ ဖြစ်ပါ တယ်။


မောင်ချမ်းသာ(ရွှေမန်းသဘင်)ရဲ့ ဇာတ်လမ်းကို ငြိမ်းမင်းက ဇာတ်ညွှန်းခွဲထားပေး ပြီး ဒါရိုက်တာ ၀င်းထွန်းထွန်းက ပုံဖော်ရိုက်ကူးထားတဲ့ ဒီကားထဲမှာ ၀ါရင့်သရုပ်ဆောင် တွေအများကြီး ပါဝင်ထားကြတာပါ။


ဇာတ်လမ်းကတော့ သေဆုံးချိန်မှာ နာမည်အခေါ်မှားရာကနေတဆင့် အမျှဝေရာ မှာ သာဓုခေါ်ဖို့ အခက်အခဲဖြစ်ရပြီး မကျွတ်မလွတ်ဖြစ်ရတဲ့ ဖခင်တဦးနဲ့ တကောင်ကြွက် ဘ၀နဲ့ ဆိုးမိုက်ပေတေပြီး သေဆုံးသွားချိန်မှာ မကျွတ်လွတ်ပဲ ၀ိညာဉ်စိမ်းကြီးဖြစ်နေသူ တဦးတို့ ထိပ်တိုက်တွေ့ကြချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ။


စရိုက်ပုံစံအမျိုးမျိုးနဲ့ ကျန်နေခဲ့တဲ့ သား ၄ ယောက်နဲ့ ဖခင်ကြားက ချစ်ခြင်းမေတ္တာ တွေကိုပါ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။


ဝိညာဉ်စိမ်းနေရာမှာတော့ ၀ါရင့်သရုပ်ဆောင် ကျော်သူက ပါဝင်သရုပ်ဆောင် ထားခဲ့တာ ဖြစ်ပါတယ်။ ဖခင်နဲ့ သား ၄ ယောက်နေရာမှာတော့ ရန်အောင်နဲ့အတူ မင်း မော်ကွန်း၊ ကျော်ကျော်ဗို၊ မြင့်မြတ်၊ ဟိန်းဝေယံတို့က အတွဲညီညီ သရုပ်ဆောင်ထားကြ ပြီး မင်းသမီးကတော့ စိုးမြတ်သူဇာကလည်း ပါဝင်အားဖြည့်ထားတာပါ။


ဒီကားကိုတော့ လာမယ့် ဇွန်လ ၂၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။


မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ဇာတ်ကားကတော့ Distorted ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားပါ။


ဒီကားကတော့ American Action-Mystery-Thriller အမျိုးအစား ရုပ်ရှင်ကား ဖြစ်ပြီး ဒါရိုက်တာ Rob W. King က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
Lauren နဲ့  Russel တို့ စုံတွဲဟာ ပျားပန်းခတ်လှုပ်ရှားသွားလာနေကြတဲ့ မြို့ပြက နေ ထွက်ခွာသွားဖို့ ဆုံးဖြတ်လိုက်ကြပြီး ငြိမ်းချမ်းတဲ့ နေရာလို့ သူတို့ထင်ကြတဲ့ Pinnacle Condo ကို ပြောင်းရွှေ့ခဲ့ကြတယ်။


အဲဒီအဆောက်အအုံမှာတော့ ခေတ်ရှေ့ပြေး ဒီဇိုင်းတွေနဲ့ လုံခြုံရေးစနစ်တွေပါ ၀င်နေတယ်။ Lauren ဟာ ဒီအဆောက်အအုံရဲ့ တခြားဘက်က အမှောင်ခြမ်းရှိလိမ့်ဦး မယ်ဆိုပြီး သံသယ၀င်လာချိန်မှာတော့ Investigative Journalist တယောက်ဖြစ်တဲ့ Vernon ရဲ့ အကူအညီနဲ့ စူးစမ်းမှုတွေ လုပ်ခဲ့ပါတော့တယ်။


ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းအောင် ရိုက်ပြထားတဲ့ ပြကွင်းပြကွက်တွေနဲ့ လျှို့ဝှက်သည်းဖိုဆန်တဲ့ အခြေအနေမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။


ဒီကားထဲမှာ Lauren နဲ့ Russel စုံတွဲအဖြစ် မင်းသမီး Christina Ricci နဲ့ မင်း သား Brendan Fletcher တို့က အတွဲညီညီ သရုပ်ဆောင်ထားကြပြီး မင်းသားကြီး John Cusack ကတော့ Investigative Journalist အဖြစ် ပါဝင်ထားခဲ့တာပါ။


ကြမ်းတမ်းတဲ့ လျှို့ဝှက်သည်းဖို ပြကွင်းပြကွက်တွေ၊ ပုံရိပ်တွေ ပါဝင်တာမို့ ဒီကား ကို Rated R အဆင့် သတ်မှတ်ထားတာ ဖြစ်ပြီး လာမယ့် ဇွန်လ ၂၂ ရက်နေ့မှာ ရုံတင်ပြ သသွားမှဖြစ်တယ်လို့ ကြေငြာထားပါတယ်။
Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီမှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။


ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာရီ၊ စနေနေ့ နေ့လည် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း ကြည့်ရှုအားပေးနိုင်ပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013