DVB Logo
Home
မြန်မာသတင်း
မြန်မာ့စိုက်ပျိုးရေးနှင့်ငါးမွေးမြူရေးကဏ္ဍ အီးယူက အကူအညီပေးရန်ဆွေးနွေး
DVB
·
June 21, 2018
မြန်မာ့စိုက်ပျိုးရေးနှင့်ငါးမွေးမြူရေးကဏ္ဍ အီးယူက အကူအညီပေးရန်ဆွေးနွေး
Donate to DVB

မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေး၊ ငါးမွေးမြူရေးလုပ်ငန်းနဲ့ ရေအသုံးချရေး အပါအဝင် ကဏ္ဍတွေမှာ  ဥရောပသမဂ္ဂ အီးယူက ကူညီပံ့ပိုးပေးဖို့ ကိစ္စတွေကို မနေ့က နေပြည်တော်မှာ အီးယူကိုယ်စားလှယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပကော်မရှင်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ အာရှ၊ အာရှအလယ်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ပီယာရီ အမီလ်ဟတ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဇွန် ၂၀ရက်က တွေ့ဆုံခဲ့တာလို့  နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံနဲ့ ဥရောပသမဂ္ဂတို့အကြား ပူးပေါင်းဆောင်ရွက်နေတဲ့ ပညာရေး၊ အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေးနဲ့  အသက်မွေး ဝမ်းကျောင်းပညာရေး ကိစ္စရပ်တွေ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် သစ်သီးဝလံပန်းမန် စိုက်ပျိုးရေး၊ လယ်ယာစိုက်ပျိုးရေး၊ ငါးမွေးမြူရေးလုပ်ငန်း၊ ရေအသုံးချရေးအပါအဝင်ကဏ္ဍတွေမှာ  အီးယူက ကူညီပံ့ပိုးရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့တယ် လို့လည်း နိုင်ငံခြားရေးသတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အေဂျင်စီနှစ်ခုဖြစ်တဲ့ UNDPနဲ့ UNHCR တို့အကြား သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ခဲ့တာနဲ့ မြန်မာအစိုးရက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့စည်းတာကို အားပေးထောက်ခံကြောင်း ဥရောပသမဂ္ဂ ကိုယ်စား လှယ်အဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။

ဓာတ်ပုံ-MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013