DVB Logo
Home
မြန်မာသတင်း
မန္တလေးနန်းရှေ့ ရေစစ်ကန်ဘောင်ဘေးတွင် ပုပ်ပွနေသည့် အမျိုးသားအလောင်း တွေ့
DVB
·
June 21, 2018
မန္တလေးနန်းရှေ့ ရေစစ်ကန်ဘောင်ဘေးတွင် ပုပ်ပွနေသည့် အမျိုးသားအလောင်း တွေ့
Donate to DVB

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ (၂၂)လမ်းနဲ့ (၂၃)လမ်းကြား၊ (၅၉)လမ်း နှင့် (၆၀)လမ်းကြား၊ အကွက်(၁၂/က)ရှိတဲ့ ရေစစ်ကန်ဘောင်ဘေးမှာ ဇွန် ၂၀ရက် မနက်က ပုပ်ပွနေတဲ့  လူသေအလောင်းတစ်လောင်း တွေ့ရှိခဲ့ပါတယ်။

လူသေအလောင်းတွေ့ရှိတဲ့ သတင်းအရ အမှတ်(၁)နယ်မြေရဲစခန်း တာဝန်မှူး ဒုရဲအုပ် တင်ဇော်ဝင်းနဲ့ တာဝန်ရှိသူတွေ လာရောက်စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးရာမှာ သေဆုံးသူဟာ ဇော်ဝင်းလှိုင် (ခ) ဖိုးလုံး (ဘ)ဦးစိုးမိုး၊ အသက်(၂၉)နှစ်၊ ယာဉ်မောင်း၊ အနှိပ်တော်ရပ်ကွက်နေသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိတယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

မန္တလေးခရိုင် ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတဦးက “သေဆုံးနေတဲ့အလောင်းကို ဆေးရုံကြီး ကို ပို့ထားပါတယ်။ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်/မဟုတ် ဆက်လက်စစ်ဆေးနေပါတယ် '' လို့ ဒီဗွီဘီကို ပြောပါတယ်။

ပုပ်ပွနေတဲ့ လူသေအလောင်းကို ခန္တီမေတ္တာ နာမှုကူညီရေးအသင်းကားနဲ့ မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပါတယ်။

နန်းတော်ရှေ့နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဦးသိန်းထွန်းအောင် က ''မနက် ၁၀ နာရီလောက်က နန်းရှေ့ရေနီမြောင်း ရေစစ်ကန်ရေလှောင်ကန် အရှေ့ဘက် ဘောင်မှာ အမည်မသိ ပုတ်ပွနေတဲ့ အမျိုးသား လူသေအလောင်းတစ်လောင်း တွေ့တယ်ဆိုလို့ အကြောင်းကြားလာလို့ ခန္တီမေတ္တာ နာမှုကူညီရေးအသင်းကားနဲ့ ဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ်'' လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး အောင်မြေသာစံမြို့နယ် အမှတ်(၁)ရဲစခန်းမှာ သေမှုသေခင်းအမှတ် ၃/၂၀၁၈ နဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနေပါတယ်။

သတင်း - သော်တာ၊ ဓာတ်ပုံ - သိန်းထွန်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013