DVB Logo
Home
မြန်မာသတင်း
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်စီမံခန့်ခွဲမှုဌာန စစ်တွေမြို့၌ ဖွင့်လှစ်
DVB
·
June 21, 2018
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်စီမံခန့်ခွဲမှုဌာန စစ်တွေမြို့၌ ဖွင့်လှစ်
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး သဘာဝဘေးအန္တရာယ် ဆိုင်ရာ ကြိုတင်ကာကွယ်ရေး သတိပေးစနစ်အရေးပေါ်စီမံခန့်ခွဲမှုဌာန (EOC)ကို  ဇွန်လ ၁၉ ရက်က စတင်ဖွင့်လှစ်လိုက်ပါတယ်။

ဒီလို ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးသတိပေးစနစ် သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခန်းတခုကို အချိန်နဲ့တပြေးညီဆောင်ရွက်နိုင်​ဖို့ မင်းပြား- ပေါက်တော- မြေပုံ- စစ်တွေမြို့မှာပြုလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဦးစီးမှူးရုံး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဦးကျော်မင်းက “နေပြည်တော်ကရရှိနေတဲ့ သတင်းအချက်အလက်တွေကို ရခိုင်ပြည်နယ်ကို တိုက်ရိုက် ရရှိမှာ ဖြစ်တယ်။ အဲ့လို သတင်းအချက်အလက်တွေကို ရရှိခြင်းအားဖြင့် ကျနော်တို့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ၁၇ မြို့လုံးနဲ့ ကျေးရွာတွေပေါ်မှာ သဘာဝဘေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တွေကို အလျင်အမြန်ချပြနိုင်မှာဖြစ်ပါတယ်။ ဒီလိုချပြတဲ့ အခါမှာ ပြည်သူလူထုတွေအနေနဲ့ ထိခိုက်ဆုံးရှုံးတာတွေလျှော့ချနိုင်မယ်။ ပြီးတော့ အသက်ဆုံးရှုံးမှုတွေကို အနည်းဆုံးဖြစ်အောင် လျှော့ချသွားနိုင်မယ်ဖြစ်တယ်”လို့ပြောပါတယ်။

အချိန်နဲ့ တပြေးညီရရှိလာတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်တွေကို စစ်တွေဌာနကနေ မင်းပြား-ပေါက်တော- မြေပုံမြို့စတဲ့မြို့နယ်အားလုံးကို စစ်တွေနေတဆင့်မြို့၊ ရပ်ကွက်၊ ကျေးလက်ဒေသတွေကို အရေးပေါ်ကြိုတင်သတိပေးချက်ကို အချိန်နဲ့တပြေးညီ တင်ပြပေးနိုင်အောင် ဆောင်ရွက်သွားမယ်လို့ဆို ပါတယ်။
ရခိုင်ပြည်နယ် မိုလေဝသနှင့် ဇလဗေဒ ညွန်ကြားရေးဦးစီးဌာနပြည်နယ် ဦးစီးမှူး ဦးထွန်းအေးကျော်က “ကျနော်တို့မိုးဇလက ထုတ်ပြန်တဲ့သတင်းကို ရခိုင်ပြည်နယ်မှာဖွင့်တာဟာ EOC စင်တာဟာတဆင့် ပြည်သူ တွေကို အချိန်နဲ့ တပြေးညီသိနိုင်အောင်ပါ။ ပြီးတော့ ကျနော်တို့ ဌာတွေပါ။ အခြားအစိုးရဌာနတွေပါ ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် အသက်အိုးအိမ်စည်းစိမ်တွေကို လျှော့နိုင်မယ်။ အသက်အိုးအိမ် စည်းစိမ်တွေ ကိုကြိုတင် စီစဉ်ထားလို့ရအောင် ဒါကို ဖွင့်လှစ်ရခြင်းဖြစ်တယ်”လို့ပြောပါတယ်။
ဒါ့အပြင် ဇွန်လ ၁၉ ရက်နေ့မှာ မင်းပြား-ပေါက်တော- မြေပုံ-စစ်တွေမြို့နယ်တို့မှာ မုန်းတိုင်း သဏ္ဍာန်တူဇာတ်တိုက်လေ့ခန်းတွေကို ပြုလုပ်ခဲ့ကြတယ်လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဦးစီးအရာရှိ ဦးရဲမင်းဦးက ပြောပါတယ်။
“ဒါက မြန်မာနိုင်ငံမှာ ပထမဦးဆုံးလုပ်တာဖြစ်တယ်။ အရေးပေါ်စနစ် ပိုပြီးအားကောင်းလာအောင် ပြည်သူတွေနဲ့ပူးပေါင်း လေ့ကျင့်ရတာ ဖြစ်ပါတယ်။ ဒါက ကျနော်တို့ ပြည်သူတွေ တစုံတရာ ဒုက္ခမရောက်ရောက်အောင် ကြိုတင်ကာကွယ်လေ့ကျင့် ပြုစုထားတာလည်းဖြစ်ပါတယ်”လို့ပြောပါတယ်။

သတိပေးစနစ်အရေးပေါ်စီမံခန့်ခွဲမှုဌာန (EOC)ကို ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကို ရွေးချယ်တဲ့အခါမှာ ဦးစွာ ပထမအနေနဲ့ ရခိုင်ပြည်နယ်ကို အခုလိုရွေးချယ်ခြင်းခံခဲ့ရတာလို့ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဦးကျော်မင်းကပြောပါတယ်။
အခုလို ရခိုင်ပြည်နယ်အတွင်းမှာ ဒုတိယအကြီးဆုံး သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး သတိပေးစနစ် အရေးပေါ်စီမံခန့်ခွဲမှုဌာန (EOC) ကို နည်းပညာတွေကို Asian Disaster Preparedness Center (ADPC ) နဲ့ IOM တို့ရဲ့ ကူညီထောက်ပံမှုတွေနဲ့ လုပ်ဆောင်ခဲ့တာပါ။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013