DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာကားတစီး မီးလောင်
DVB
·
June 21, 2018
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာကားတစီး မီးလောင်
1 / 10
Donate to DVB

ဝမ်းတွင်းမြို့နယ်၊ ရွာရှည်ရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၆၈ အနားမှာ ဇွန်လ ၂၀ ရက် ညနေက ဒီဇယ်ဆီသယ်လာတဲ့  ၈ ဘီး ဆီဘောက်ဆာကားတစီး နောက်ဘီး အပူလွန်ကဲ မီးလောင်ရာက လမ်းဘေးဈေးဆိုင်ကို ကူးစက်လောင်သွားတယ်လို့ ရွှေတောင်ရွာရဲစခန်းက ပြောပါတယ်။

ရန်ကုန်ဘက်ကိုမောင်းလာတဲ့ ဒီဇယ်ဆီ ဂါလန် ၂၈၀၀ သယ်လာတဲ့ ၈ ဘီး ဆီဘောက်ဆာကားဟာ နောက်ဘီးပေါက်တာ မသိဘဲဆက်မောင်းရာက အပူလွန်ကဲ မီးလောင်မှုကြောင့် မီးသတ်ကား ၁၈ စီးနဲ့ ငြှိမ်းသတ်ခဲ့ရပြီး လောင်စာဆီတွေ ဖြစ်တာကြောင့် မီးလောင်အားကောင်းပြီး ရွာရှည်ရွာ လမ်းဘေးက ဦးကျော်သန်းပိုင်တဲ့ မိဘငြိမ်း ကွမ်းယာဆိုင်၊ အကြော်ဆိုင်နဲ့ အအေးဆိုင်တွေ မီးကူးစက်လောင်ပါတယ်။

ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက “‎ကျောက်ဆည်ခရိုင်ထဲက မြစ်သား၊ ကျောက်ဆည်၊ ကူမဲက မီးသတ်ကားတွေရယ် မိတ္ထီလာခရိုင် ၄ မြို့နယ်က မီးသတ်ကားတွေရယ်၊ အားလုံးပေါင်း ၁၈ စီးနဲ့ မီးငြှိမ်းရတယ်။ မီသတ်တပ်ဖွဲ့ သန္ဓေအရံ အင်အား ၁၀၀ ကျော်နဲ့ မီးငြှိမ်းတာပါ။ ရေဂါလန် ၃ သောင်းလောက်နဲ့ အမြှုပ်ဆေးရည်ဂါလန် ၇၀ သုံးလိုက်ရတယ်” လို့ ပြောပါတယ်။

ရွှေတောင်ရွာရဲစခန်းမှူး ရဲအုပ်ကျော်နိုင်စိုး က “ကားတန်ဖိုးနဲ့ ဆီတန်ဖိုး ၁၅၂ သိန်း သတ်မှတ်တယ်။ လမ်းဘေးဆိုင်တန်ဖိုးသိန်း ၂၀ ရယ် ပေါင်းလိုက်ရင် ၁၇၂ သိန်း ဆုံးရှုံးတန်ဖိုးပါ။ ထွက်ပြေးသွားတဲ့ ကားသမားတွေကို အမြန်ဆုံးဖမ်းမိဖို့ လုပ်နေပါတယ်” လို့ ပြောပါတယ်။

ရွာရှည်ရွာဒေသခံတဦးက “လောင်စာဆီ ‎တွေက ရွာထဲအထိ စီးလာတယ်။ ရွာလူကြီးက အသံချဲ့စက်နဲ့ မီးသတိထားဖို့မီးခြစ်နဲ့ မီးဖိုမီးမသုံးဖို့ သတိပေးနေရတယ်” လို့ပြောပါတယ်။

ရွှေတောင်ရွာရဲစခန်းမှာ ထွက်ပြေးတဲ့ ကားသမားတွေကို မီးပေါ့ဆလို့ မီးလောင်မှု၊ ထွက်ပြေးမှု ‎ရာဇသတ်ကြီးပုဒ်မ ၂၈၅/၂၀၂ ဖြင့် (ပ) ‎၄၅/၂၀၁၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013