DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့နယ်တွင်  မိုးအဆက်မပြတ်ရွာသွန်း၍ စပါးခင်းများပျက်စီး
DVB
·
June 20, 2018
ဖြူးမြို့နယ်တွင်  မိုးအဆက်မပြတ်ရွာသွန်း၍ စပါးခင်းများပျက်စီး
Donate to DVB

 

ပဲခူးတိုင်းဒေကြီး၊ ဖြူးမြို့နယ်အတွင်းမှာ ဇွန်လဒုတိယပတ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့တဲ့အတွက် စိုက်ပျိုးပြီးစပါးတွေ ပျက်စီးခဲ့တာကြောင့် တောင်သူတွေအနေနဲ့ ထပ်မံစိုက်ပျိုးနေရလို့ စရိတ်ကုန်ပြီး အခက်အခဲတွေ့နေတယ်ပါတယ်။

ဇွန်လအတွင်းမိုးရွာသွန်းမှုများခဲ့တဲ့အတွက် စိုက်ပျိုးထားတဲ့ စပါးနဲ့ မျိုးစေ့တွေ ပုပ်ကာ အပင်မပေါက်တော့သလို ထပ်မံစိုက်ပျိုးရမှာဖြစ်ပြီး မျိုးစပါးဖိုးနဲ့ ထွန်ယက်ခတွေ ထပ်မံ ကုန်ကျတာတွေရှိခဲ့တယ်လို့ တောင်သူတွေက ဆိုပါတယ်။

ကညွတ်ကွင်းမြို့စပါးစိုက်တောင်သူဦးတိုးလွင်က “ခုဇွန်လပထမပတ်မှာ စိုက်ခဲ့တဲ့ တောင်သူတွေကတော့ အကုန်လုံးနီးပါး ပျက်တယ်။ မျိုးစေ့တွေ ပုပ်ကုန်တာ။ မိုးက အရမ်းများတော့ ရေထုတ်မရဘူး။ အပင်ကို ပေါက်မလာတော့တာ။ ခုထပ်ပြီးတော့ ထွန်ပြီး ပြန်စိုက်ရမယ်။ မျိုးဖိုးနဲ့ ထွန်ယက်ခ ထပ်ကုန်တာပေါ့။ ဒီတခါတော့ မျိုးကိုအပင်ဖောက်ပြီး ကျဲရတော့မယ်။ အရင်ကျဲတာက အခြောက်ကျဲကျဲထားတာ။ စရိတ်နှစ်ခါကုန်တော့ အခက်တွေတာပေါ့”လို့ ပြောပါတယ်။

“ပျက်စီးတာကတော့ ကျနော်က ၈ ဧကလောက် ပျက်စီးသွားတယ်။ စိုက်ပျိုးရေးက ကွင်းစင်းပြီး လာကြည့်တာမျိုးတော့ မရှိပါဘူး။ ပြန်စိုက်ဖို့ လုပ်နေရတာပေါ့။ နောက်တခါတော့ ထပ်ကုန်တာပေါ့”လို့ တောင်သူဦးမျိုးတင့်က ပြောပါတယ်။

ဖြူးမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်ကိုလတ်က “ပျက်စီးမှုကတော့ ဧက ၄၀၀ လောက်ရှိတယ်။ ဆုံးရှုံးမှုကလည်း မျိုးစေ့ဖိုးလောက်ပဲရှိတော့ ထူးခြားဖြစ်စဉ် အနေနဲ့ တင်လာတာ မရှိပါဘူး။ ပထမရွာတဲ့မိုးနဲ့ စိုက်လိုက်တဲ့ ဝိရီယကောင်းတဲ့ တောင်သူတွေ ထိကုန်တာပါ။ အဖြစ်များတာတော့ အနိမ့်ပိုင်းရွာတွေ အဖြစ်များပါတယ်။ ဆုံးရှုံးမှုကိုတော့ အတိအကျတွက်ထားတာ မရှိပါဘူး”လို့ ပြောပါတယ်။

မိုးရွာသွန်းတဲ့အတွက်အများစုပျက်စီးတဲ့ ကျေးရွာတွေကတော့  မြပဲခူးကျေးရွာ၊ ငတိုးခင်းကျေးရွာ၊ ကညွတ်ကွင်း နောက်အုပ်စုမှ ကျေးရွာအချို့၊ ကျီးရိုးကျေးရွာ၊ ဘုရားလဟာအုပ်စုရှိ ကျေးရွာအချို့မှာ စိုက်ပျိုးဧက ၄၀၀ ကျော် ပျက်စီးခဲ့တယ်လို့ တောင်သူတွေထံမှ သိရပါတယ်။

ဖြူးမြို့နယ်အတွင်းမှာ တောင်သူတွေအနေနဲ့ စပါးကို ဒေသမျိုးဖြစ်တဲ့ ဗြော့ထွန်းနဲ့ စင်းသုခကို အများဆုံးစိုက်ပျိုးကြပြီး ကောက်ညှင်းနဲ့ အခြားစပါးမျိုးတွေကိုလည်း အနည်းငယ် စိုက်ပျိုးကြပါတယ်။

ဖြူးမြို့နယ်အတွင်းမှာ အရင်က စပါးကို ပျိုးထောင်စိုက်ပျိုးတာတွေခဲ့ပြီး အခုနောက်ပိုင်းမှာ တိုက်ရိုက်မျိုးစေ့ကို ပက်ကျဲစနစ် အသုံးပြုစိုက်ပျိုးတာတွေ လာတယ်လို့ တောင်သူတွေထံမှ သိရပါတယ်။

၂၀၁၆-၁၇ ခုနှစ်မှာ ဖြူးမြို့နယ်အတွင်းမှာ မိုးစပါးစိုက်ဧက ၁၅၀,၀၀၀ ကျော်ရှိခဲ့ပြီး မိုးစပါးရိတ်သိမ်းချိန်မှာ မိုးများခဲ့တဲ့အတွက် ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013