DVB Logo
Home
မြန်မာသတင်း
စိုက်​ပျိုး​ရေးကြီးကြပ်​​ရေးမှူးကို မီးရှို့သတ်ဖြတ်မှု အမိန့်ချရန် ရက်ရွှေ့ဆိုင်း
DVB
·
June 19, 2018
စိုက်​ပျိုး​ရေးကြီးကြပ်​​ရေးမှူးကို မီးရှို့သတ်ဖြတ်မှု အမိန့်ချရန် ရက်ရွှေ့ဆိုင်း
1 / 2
Donate to DVB

 

ရှမ်းပြည်​​မြောက်​ပိုင်း​၊ နောင်​ချိုမြို့နယ်​၊ ​ရွှေ​ညောင်​ပင်​ရွာ အားမာန်​စိုက်​ပျိုး​ရေးရုံး ကြီးကြပ်​​ရေးမှူး ဦး​ငွေစိုး(ခ)ဦးဇင်းအား မီးရှို့သတ်​ခဲ့မှုနဲ့ တရားစွဲခံထားရတဲ့ ရွာသား ၆ ဦးကို ​နောက်​ဆုံး အပြီးသတ် အမိန့်​ချဖို့ ကျောက်မဲခရိုင် တရားရုံးက ရက်​​ရွေ့ ဆိုင်းလိုက်ပါတယ်။

၂၀၁၇ မေ ၂၄ရက်က နောင်​ချိုမြို့နယ် ​ကုန်းသာအုပ်​စု၊ ​ရွှေ​ညောင်​ပင်​​ကျေးရွာရှိ အားမာန်​စိုက်​ပျိုး​ရေးရုံးက ကြီးကြပ်​​ရေးမှူး ဦး​ငွေစိုးကို ကုန်းသာအုပ်​စု၊ လွယ်​​တောင်​​ရွာ​သား ဦးသြ​ဇေယျနဲ့ အ​ပေါင်းအပါ ၅ ဦးတို့က ဖမ်းဆီး​ခေါ်​ဆောင်​ပြီး မီးရှို့သတ်​ခဲ့တယ်ဆိုပြီး အားမာန်​စိုက်​ကွင်းမန်​​နေဂျာ ဦးမြင့်​​ကျော်​က ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၃ရက် ကတည်းက  တရားလို အဖြစ် တရားစွဲဆိုထားတဲ့ အမှုဖြစ်ပါတယ်။

ဦးသြ​ဇေယျ၊ ဦးဝင်းနိုင်​(ခ)ရှမ်းကြီး၊ ဦးစိုင်း​အောင်​ကျန်​၊ ဦးအိုက်​လူ (ခ)အိုက်​ပီး၊ ဦးထွန်းဦး၊ ဦး​ကျော်​​ဆွေတို့ ၆ဦးကို ရာဇဝတ်​ကြီး အမှုအမှတ်​ ၃၆၄   လူသတ်မှု ပုဒ်မ ၃၀၂/၃၄၊ အားပေးကူညီမှုပုဒ်မ ၁၁၄/၂၀၀တို့နဲ့ ​ကျောက်​မဲမြို့နယ် ​ခရိုင်​တရားရုံးကတရားလို တရားခံ​တွေကို စွဲချက်​တင်​ကြားနားကာ အမိန့်​ချ နိုင်​ဖို့ ဇွန်​လ ၁၈ ရက်​​နေ့ကို ချိန်းဆိုခဲ့​ပါတယ်။

ကျောက်​မဲမြို့ခရိုင်​တရားသူကြီးရဲ့ သတင်းပြန်​ကြား​ရေး​ တာဝန်ရှိသူ ဒေါ်​မေမီဝင်း​ရွှေက​ “တရားသူကြီးက အမိန့်​ချဖို့ ဒီအမှုက အနည်းငယ်​ ရှုပ်​​ထွေး​နေတာ​ကြောင့်​ ဒီစီရင်​ချက်​ကို ပိုမိုပြည့်​စုံတဲ့ စီမံချက်​ဖြစ်​ဖို့ မပြီးပြတ်​​သေးတာ​ကြောင့် ဇွန်​လ၂၅ရက်​​မှ အမိန့်​ချဖို့ ပြန်​လည်​မှာ ချိန်းဆိုမှာဖြစ်​တယ်။ အဲဒီနေ့ကျရင်​​တော့ သိချင်​တဲ့ အရာ​တွေကို ဒီအမူနဲ့ ပတ်​သတ်​ပြီး ဘယ်​သူကို ဘယ်​လောက်​ချမှတ်​မယ်​ဆိုတာကို ပြည့်ပြည့်စုံစုံ သိရမှာပါ”လို့ ပြောပါတယ်​။

တရားလို ဦးမြင့်​​ကျော်​ကတော့  “ဦး​ငွေစိုးကို ဖမ်းဆီး​ခေါ်​ဆောင်​ပြီး မီးရို့သတ်​ခဲ့တဲ့ တရားခံ​တွေကို ထိုက်​သင့်တဲ့ ပြစ်​ဒဏ်​​တွေချမှတ်​ ​ပေး​စေချင်​တယ်​၊ ဒါမှလည်း ဒီနယ်​​မြေဟာ ငြိမ်းချမ်းပြီး တရားဥပ​ဒေစိုးမိုးလာမှာဖြစ်​တယ်​”လို့ ပြောပါတယ်​။

ဦးသြ​ဇေယျနဲ့အတူ တရားစွဲခံထားရသူတွေဟာ၂၀၁၇ ခုနှစ်​အတွင်းမှာ အားမာန်​စိုက်​ပျိုး​ရေးပိုင်​ ကြံစိုက်​ခင်းတွေကို အကြိမ်ကြိမ်​ မီးရှိုဖျက်​ဆီးခဲ့တာ​ကြောင့် တရားစွဲခံခဲ့ရပြီး အားမာန်​စိုက်​ကွင်းထဲ မကျူး​ကျော်​ရ ဆိုင်းဘုတ်​တွေ အတင်းဝင်​​ရောက်​ ကျူး​ကျော်​စိုက်​ထူတာကြောင့်လည်း တရားစွဲခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013