DVB Logo
Home
မြန်မာသတင်း
ကုလအထူးသံတမန် အကြမ်းဖက်မှုအတွင်း သေဆုံးခဲ့သူများ၏ မိသားစုများနှင့်တွေ့ဆုံ
DVB
·
June 19, 2018
ကုလအထူးသံတမန် အကြမ်းဖက်မှုအတွင်း သေဆုံးခဲ့သူများ၏ မိသားစုများနှင့်တွေ့ဆုံ
Donate to DVB

 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရွှာနာဘာဂီနာဟာ ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက်ပြီး အကြမ်းဖက်မှုအတွင်း သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အကြမ်းဖက်မှု  ဖြစ်စဉ်တွေတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ အစ္စလာမ်နဲ့၊ ဟိန္ဒူ ဘာသာဝင်တွေ၊ မြိုတိုင်းရင်းသား မိသားစုဝင်တွေနဲ့  ဇွန်လ ၁၈ရက်က မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ တွေ့ဆုံမေးမြန်း အားပေးခဲ့တယ်လို့ အစိုးရ ပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့အဖွဲ့ဟာ  မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့အတူ  ဇွန် ၁၇ ရက် မနက်ကတည်းက စစ်တွေမြို့ကို သွားရောက်ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနဲ့ တွေ့ဆုံကာ ရခိုင်ပြည်နယ်ရဲ့ လတ်တလော အခြေအနေတွေကို ဆွေးနွေးခဲ့သလို ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး ဆိုင်ရာညှိနှိုင်းရေးရုံး UNOCHAနဲ့ နိုင်ငံတကာ  INGOs အဖွဲ့တွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ရဟတ်ယာဉ်နဲ့ မြေပုံမြို့သို့ သွားရောက်ပြီး တောင်ပေါ်ရပ်ကွက်ရှိ အိုင်ဒီပီ ဒုက္ခသည်စခန်း၊ စစ်တွေမြို့ သက္ကေပြင်ကျေးရွာရှိ အိုင်ဒီပီ ဒုက္ခသည်စခန်း၊ တောင်ပြို လက်ဝဲမြို့ရှိ နှစ်နိုင်ငံနယ်စပ် ဖြတ်ကျော် တံတားနဲ့ နှစ်နိုင်ငံနယ် နိမိတ်မျဉ်းကို သွားရောက်ကာ နယ်နိမိတ်မျဉ်းအနီး နေထိုင်ကြသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ကြိမ်ချောင်းကျေးရွာမှာ အကြမ်းဖက်မှုဖြစ်စဉ်တွေအတွင်း နေအိမ်ဆုံးရှုံးခဲ့ရသူေ တွအတွက် ဆောက်လုပ်ပေးထားတဲ့ အိမ်ရာအဆောက်အဦတွေကို ကြည့်ရှုခဲ့သလို  လှဖိုးခေါင် ယာယီစခန်းကို ရဟတ်ယာဉ်နဲ့ လှည့်လည်ကြည့်ရှုကြပြီးနောက် စစ်တွေလေဆိပ်က တဆင့် ရန်ကုန်ကို လေကြောင်းခရီးနဲ့ ပြန်လည်ထွက်ခွာသွားပါတယ်။

မစ္စ ခရစ္စတင်း ရွှာနာဘာဂီနာဟာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီးနောက် မြန်မာပြည်ကို ပထမဆုံးအကြိမ်လာရောက်တာဖြစ်ပြီး နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ရော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး ဆွေးနွေး ခဲ့ပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013