DVB Logo
Home
မြန်မာသတင်း
မွန်ငြိမ်းချမ်းရေးတပ်ဖွဲ့ ကတ်ပြားအလွဲသုံးစားပြုပြီး လေသေနတ်ကိုင်သူ ၂ဦးကိုအရေးယူ
DVB
·
June 19, 2018
မွန်ငြိမ်းချမ်းရေးတပ်ဖွဲ့ ကတ်ပြားအလွဲသုံးစားပြုပြီး လေသေနတ်ကိုင်သူ ၂ဦးကိုအရေးယူ
Donate to DVB

 

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင် ကတ်ပြားတွေ အလွဲသုံးစားအသုံးပြုပြီး တရားမဝင် လေသေနတ်ကိုင်ဆောင်သူ နှစ်ဦးကို တရားဥပဒေနဲ့ အညီအရေးယူ ဆောင်ရွက်နေတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက်ရှိ  ဦးအောင်အောင်ရဲ့ နေအိမ်မှာ ဇွန် ၁၇ ရက်မနက်က လူငယ်တွေခိုက်ရန် ဖြစ်ပွားနေကြောင်း သတင်းအရ စစ်ကိုင်းမြို့၊ မြို့မရဲစခန်း တာဝန်ရှိသူတွေနဲ့ အိုးဘိုရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးရာမှာ ခိုက်ရန်ဖြစ်ပွားနေတဲ့ နိုင်ကျော်ကြီး(ဘ) ဦးကျော်မြင့်ကို ထိုင်ဝမ် နိုင်ငံလုပ် Gas ထည့်ပြီး ကော်စေ့နဲ့ ပစ်ခတ်ရတဲ့ လေသေနတ်တစ်လက်နဲ့ ဖမ်းမိသလို နိုင်ဗေဒါ(ဘ)ဦးအောင်တင်ကို အရိုးအသွား ၁၉ လက်မ၊ ဗြက် ၁ လက်မခန့်ရှိ ကင်ဒိုဓား တစ်လက်နဲ့ ဖမ်းဆီးရမိခဲ့တယ်ပြီး  ကျန်လူငယ်တချို့က ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ တပ်မတော်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါဖမ်းဆီးရမိသူနှစ်ဦးဟာ ပြီးခဲ့တဲ့မေလပိုင်းက စစ်ကိုင်းမြို့မှာ စီးပွားရေး လုပ်ငန်းများလေ့လာရန်ဖို့  ရန်ကုန်မြို့ကနေ ရောက်ရှိလာခဲ့ပြီး စစ်ကိုင်းမြို့၊ ရွှေမင်းဝံ ရပ်ကွက်မှာ တစ်လ ကျပ်တစ်သိန်းနှုန်းနဲ့ ငှားရမ်းနေထိုင် သူတွေဖြစ်တယ်လို့လည်းဆိုပါတယ်။

သူတို့နှစ်ဦးဟာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ အခွင့်အလမ်းတွေ ရယူလိုမှုကြောင့် မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ဝင်ကတ်ပြားတွေကို အယောင်ဆောင် အသုံးပြုကာ အလွဲသုံးစားလုပ်တာအပြင်တရားမဝင် လက်နက်တွေကိုင်ဆောင် ခိုက်ရန် ဖြစ်ပွားမှုကြောင့် စစ်ကိုင်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားတယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဓာတ်ပုံ- (CINCDS)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013