DVB Logo
Home
မြန်မာသတင်း
မီမီဝင်းဖေရဲ့ ပရိသတ်အတွက် သီချင်းလက်ဆောင်-မျက်ရည်ညနေ (ရုပ်သံ)
DVB
·
June 19, 2018
မီမီဝင်းဖေရဲ့ ပရိသတ်အတွက် သီချင်းလက်ဆောင်-မျက်ရည်ညနေ (ရုပ်သံ)
Donate to DVB

တချိန်က သီချင်းချိုချို အေးအေးလေးတွေနဲ့ နာမည်ကြီးခဲ့တဲ့ တေးသံရှင် မီမီဝင်းဖေက သူ့ရဲ့ တေးအယ်လ်ဘမ်သစ်ထဲက မျက်ရည်ညနေအမည်ရတဲ့ သီချင်းတပုဒ်ကို တေးချစ်ပရိတ်သတ်တွေ အတွက် မျှဝေပေးခဲ့ပါတယ်။

“ရင်ထဲမှာ ငိုနေတယ်… အချစ်ဆုံးရေ… အားလုံးပြီးဆုံးခဲ့ပေမယ့်… ပြန်မလာမယ့် လမ်းဟာ… ငြိမ်သက်… တိတ်ဆိတ်လို့နေတယ်… သစ်ရွက်ကျကြွေ ခြေသံများလား… အတူနေခဲ့ဖူးတဲ့ အိမ်လေးထဲမှာ… ခွင့်လွှတ်ခြင်းဆိုတဲ့ အခန်းလေး ရှိသေးတယ်…”

သူဟာ အချိန် ၁၅ နှစ်လောက်ကြာခဲ့ပြီးမှ ဒီတကိုယ်တော်တေးအယ်လ်ဘမ်ကို ထုတ်နိုင်ခဲ့တာဖြစ်ပြီး သီချင်းအယ်လ်ဘမ်ရဲ့ နာမည်ကိုတော့ ပန်ဆင်မယ်ဆိုလို့ အမည် ပေးထားခဲ့တာပါ။

အချစ်၊ အလွမ်းရသပေါင်းစုံ ခံစားရစေမယ့် ဒီတေးအယ်လ်ဘမ်ထဲမှာ သီချင်းဟောင်း တွေရော၊ သီချင်းသစ်တွေပါ ပါဝင်တာဖြစ်ပြီး တေးရေး မောင်မောင်(မဇ္ဇိမလှိုင်း)၊ မြင့်သွင် (နမ္မတူ)နဲ့ ညီညီသွင်တို့က ရေးစပ်ပေးထားတဲ့ သီချင်းစုစုပေါင်း ၁၄ ပုဒ်ပါဝင်တယ်လို့ ဆိုပါတယ်။

ဇွန်လ ၁၅ ရက်နေ့က မျှဝေခဲ့တဲ့ မျက်ရည်ညနေဆိုတဲ့ သီချင်းကတော့ တေးရေး ညီညီသွင်ရေးစပ်ထားခဲ့တဲ့ သီချင်းတပုဒ်ဖြစ်ပြီး ဒါရိုက်တာ ၀င်းခန့်မောင်က ရိုက်ကူးပေး ထားကာ သရုပ်ဆောင် ဇင်အောင်၊ မေသူမိုးကျော်လှိုင်တို့နဲ့အတူ နိုင်ငံရပ်ခြားက မြင် ကွင်းတွေနဲ့အတူ ရှုစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။

“မွှေးပျံ့တဲ့ ကိုယ်သင်းရနံ့လေးတွေ… အခုထိ ပြယ်လွင့်မသွားဘဲ… ထွက်သက် ၀င်သက်တိုင်းမှာ… သတိရစရာတွေ… ဖြစ်နေတယ်… မင်း ကိုယ့်အပေါ် ချွေတဲ့ အမုန်း တွေ… လက်ထဲမှာ ပွေ့ကာ ရှိုက်နမ်းရင်းနဲ့… ဒီညနေလည်းကိုယ်… မျက်ရည်ကျရဦးမှာ ပဲ…”

ခပ်ဆွေးဆွေး သီချင်းစာသားတွေနဲ့အတူ မီမီဝင်းဖေရဲ့ ပရိသတ်တွေ အလွမ်းပြေ စေမယ့် ဒီသီချင်းကိုတော့ အောက်မှာ ၀င်ရောက်ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013