DVB Logo
Home
မြန်မာသတင်း
၂၀၁၈ ခုနှစ်အတွင်း လူပေါင်း ၃၄၀ ခန့် ဝမ်းလျှောဝမ်းပျက်ရောဂါ ဖြစ်ပွား၍ ၉ ဦးသေဆုံး
DVB
·
June 19, 2018
၂၀၁၈ ခုနှစ်အတွင်း လူပေါင်း ၃၄၀ ခန့် ဝမ်းလျှောဝမ်းပျက်ရောဂါ ဖြစ်ပွား၍ ၉ ဦးသေဆုံး
Donate to DVB

၂၀၁၈ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံတဝန်းမှာ ဝမ်းလျှောဝမ်းပျက်ရောဂါကြောင့် လူ ၉ ဦး သေဆုံးခဲ့တယ်လို့ ဗဟိုကူးစက်ရောဂါဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

အခုနှစ် ဇန်နဝါရီကနေ မေလအထိ တနိုင်ငံလုံးမှာ ဝမ်းလျှောဝမ်းပျက်ရောဂါ ဖြစ်ပွားမှု ၈ ကြိမ်ဖြစ်ပွားပြီး လူပေါင်း ၃၃၉ ဦး ဖြစ်ပွားခဲ့တာပါ။

ရောဂါတွေထဲမှာ ဆုံဆို့နာရောဂါကတော့ ဖြစ်ပွားတဲ့လူဦးရေ နည်းပေမယ့် လူ ၇ ဦးနဲ့ သေဆုံးသူ ဒုတိယအများဆုံး ဖြစ်ပါတယ်။

ဆုံဆို့နာဟာ ရန်ကုန်တိုင်းမှာ ၁၈ ဦး၊ ရှမ်းပြည်တောင်ပိုင်းမှာ ၁၁ ဦး ဖြစ်ပွားပြီး တနိုင်ငံလုံးမှာတော့ အယောက် ၄၀ ဖြစ်ပွားပါတယ်။

ရန်ကုန်ဆေးတက္ကသိုလ် ၁ ရဲ့ အငြိမ်းစားပါမောက္ခ ဒေါက်တာကြည်ကြည်သင်းက “ဆုံဆို့နာကတော့ ကလေးရောဂါပါ။ နည်းနည်းကနေ သေတဲ့အထိ ဖြစ်တတ်တယ်။ အခုထိုးပေးနေတဲ့ ကာကွယ်ဆေးထဲမှာ ပါပါတယ်။ ဆေးပတ်လည်အောင်တော့ ထိုးရတာပေါ့။ သူက ရောဂါပိုးကနေ ကူးစက်တာကြောင့် ချောင်းဆိုး၊ နှာစေးတာတွေကနေ ကူးတတ်ပါတယ်” လို့ ပြောပါတယ်။

ကာကွယ်ဆေးထိုးလို့ရတဲ့ ရောဂါတွေထဲမှာ ဂျပန်ဦးနှောက်ရောင်ရောဂါကတော့ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာ ၉ ဦးစီဖြစ်ခဲ့ပြီး တနိုင်ငံလုံးမှာတော့ ၂၈ ဦး ဖြစ်ပွားခဲ့ပါတယ်။

ဝက်သက်ရောဂါကတော့ အကြိမ်ရေအများဆုံးဖြစ်တဲ့ ရောဂါဖြစ်ပြီး ရောဂါဖြစ်ပွားမှု ၅၁ ကြိမ်မှာ လူပေါင်း ၂၀၄ ဦး ဖြစ်ပွားခဲ့ပေမယ့် သေဆုံးသူတော့ မရှိပါဘူး။

နိုင်ငံတဝန်း အစာအဆိပ်သင့်တာ ၁၇ ကြိမ်ဖြစ်ပွားခဲ့ရာမှာ လူပေါင်း ၇၁၃ ဦး ဖြစ်ခဲ့ပြီး သေဆုံးသူတော့ မရှိခဲ့ပါဘူး။

ဒီအချက်အလက်တွေဟာ ဗဟိုကူးစက်ရောဂါဌာန၊ အမျိုးသားဓာတ်ခွဲဌာနနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အမျိုးသားစောင့်ကြပ်ညှိနှိုင်းရေးရုံးက မေလ ၃၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ သတင်းလွှာမှာ ဖော်ပြထားတာပါ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013