
ရခိုင်ပြည်နယ်အတွင်းမှာ မသန်းစွမ်သူဦးရေ ၁ သိန်း ၆ သောင်းခွဲကျော်ရှိနေပေမယ့် အလုပ်အကိုင်အခွင့် အလမ်းရရှိဖို့ ခက်ခဲနေတယ်လို့ မသန်စွမ်းသူတွေက ပြောပါတယ်။
စစ်တွေမြို့ စစ်တွေဟိုတယ်မှာ ဇွန် ၁၈ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံသားမသန်းစွမ်းသူများ၊ လုပ်ငန်းခွင့် ဝင်ရောက်နိုင်မှုတိုးမြှင့်ရရှိရေး၊ မသန်စွမ်းသူများ ဘဝမြင့်တင်ရေးနဲ့ ပြန်လည်ထူထောင်ရေးကဏ္ဍများအတွက် တွေ့ဆုံဆွေနွေးပွဲမှာ ပြောဆိုသွားတာပါ။
ရခိုင်ပြည်နယ်အတွင်းမှာ မသန်းစွမ်းသူ လူဦးရေ ၁ သိန်း ၆ သောင်းကျော် ရာခိုင်နှုန်းအနေနဲ့ ၅.၃ ရာခိုင်းနှုန်း ရှိပါတယ်။ အဲ့ဒီထဲမှာ အမြင်အာရုံ မသန်စွမ်းသူ ၃.၁ ရာခိုင်နှုန်း၊ အကြားအာရုံမသန်းစွမ်းသူ၊ ၁.၉ ရာခိုင်းနှုန်း၊ ကိုယ်အင်္ဂါမသန်းစွမ်းသူ၊ ၂.၄ ရာခိုင်နှုန်း၊ ဉာဏ်ရေမသန်းစွမ်းသူ ၂.၆ ရခိုင်နှုန်းရှိပြီး မသန်းစွမ်းသူတွေ အလုပ် အကိုင်အခွင့်အလမ်း ရရှိဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
အခုလို အခက်အခဲဖြစ်နေတာတွေကို ရခိုင်ပြည်နယ်အစိုးရနဲ့ ပူးပေါင်းပြီး မသန်စွမ်းတွေအတွက် အလုပ်အကိုင် အခွင့်ရရှိသွားအောင် လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံ မသန်းစွမ်းသူများအသင်းချုပ်က ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ နေထိုင်တဲ့ကြတဲ့ လူဦးရေ စုစုပေါင်း ၅၁.၄ သန်းကျော်ရှိတဲ့အထဲမှာ မသန်းစွမ်းသူဦရေဟာ စုစုပေါင်းလူဦးရေရဲ့ ၄.၆ ရာခိုင်းနှုန်း၊ ၂၃ သိန်းကျော် ရှိတယ်လို့ သိရပါတယ်။
သတင်း-ဝဏ္ဏခွာညို











