DVB Logo
Home
မြန်မာသတင်း
မြစ်တရာကြိုးဝိုင်းထဲ ဆင်မုဆိုးများဖွက်ထားသည့် တူးမီးသေနတ်များ သိမ်းဆည်းမိ
DVB
·
June 18, 2018
မြစ်တရာကြိုးဝိုင်းထဲ ဆင်မုဆိုးများဖွက်ထားသည့် တူးမီးသေနတ်များ သိမ်းဆည်းမိ
Donate to DVB

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ မြစ်တရာကြိုးဝိုင်းထဲမှာ ဆင်ပစ်မုဆိုးတွေ ဝှက်ထားတဲ့ တူးမီးသေနတ်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဧရာဝတီဆင်ချစ်သူများအဖွဲ့ကနေ သိရပါတယ်။

မေလ ဒုတိယပတ်နဲ့ ဒီကနေ့မှာ တောတွင်းပူးပေါင်းအဖွဲ့တွေ ကင်းလှည့်ရာကနေ ဆင်မုဆိုးတွေ ဝှက်ထားတဲ့ တူးမီးသေနတ် စုစုပေါင်း ၄ လက် နဲ့ ဆက်စပ်ပစ္စည်းတွေကို ပိုင်ရှင်မဲ့ ရှာဖွေသိမ်းဆည်းနိုင်ခဲ့တာလို့ ဧရာဝတီဆင်ချစ်သူများ အဖွဲ့ဝင်တယောက်ဖြစ်တဲ့ တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလေးက ပြောပါတယ်။

မေလက စတင်ပြီး တောဆင်တွေ အများအပြား သတ်ဖြတ်ခံနေရတဲ့ ဧရာဝတီတိုင်းထဲမှာ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့ WWF ရဲ့ ထောက်ပံ့မှုနဲ့ ပူးပေါင်းအဖွဲ့ စခန်းတွေထားရှိပြီး တောဆင်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာပါ။

အဲ့ဒီနောက်ပိုင်းမှာတော့ ဆင်သတ်ဖြတ်ခံရတာတွေ မရှိတော့ဘူးလို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ရုံးက ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောပါတယ်။

အခုလို တူးမီးသေနတ်တွေ သိမ်းဆည်းရမိတာဟာ လှည့်ကင်းတွေ မပြတ် ဆောင်ရွက်နေတာကြောင့် ဆင်မုဆိုးတွေအတွက်အခွင့်မသာဘဲ တူးမီးသေနတ်တွေ ထားခဲ့တာလို့ တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလေးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်က ဧရာဝတီတိုင်းမှာ တောဆင် ၁၇ ကောင် သတ်ဖြတ်ခံခဲ့ရပြီး ဒီနှစ်ထဲမှာတော့ တောဆင် ၄ ကောင်အထိ သတ်ဖြတ်ခံထားရပါတယ်။

တောဆင်တွေကို ကာကွယ်ဖို့အတွက် ဒေသခံတွေပူးပေါင်းပါဝင်လာအောင် ဆင်မုဆိုးတွေနဲ့ ပတ်သက်လို့ သတင်းပေးရင် ငွေကျပ်သိန်း ၃၀ ချီးမြှင့်မယ်လို့ ကြေညာခဲ့ပြီး သတင်းပေး ဖော်ထုတ်ခဲ့သူတွေကိုလည်း ဆုချီးမြှင့်၊ ဂုဏ်ပြုပွဲတွေပြုလုပ်ပေးနေပါတယ်။

ဓာတ်ပုံ - ဧရာဝတီဆင်ချစ်သူများအဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013