DVB Logo
Home
မြန်မာသတင်း
လယ်မြေများပျက်စီးဆုံးရှုံးခဲ့သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို တောင်သူများတရားစွဲ
DVB
·
June 18, 2018
လယ်မြေများပျက်စီးဆုံးရှုံးခဲ့သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို တောင်သူများတရားစွဲ
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ကုန်းရွာကျေးရွာမှာ အုပ်ချူပ်ရေးမှူးနဲ့အဖွဲ့က အတင်းဝင်ရောက် မြောင်းတူးဖော်ခဲ့တဲ့အတွက် တောင်သူပိုင်လယ်မြေတွေနဲ့ တာဘောင်တွေ ပျက်စီးဆုံးရှုံးခဲ့ရလို့ ဒေသခံတောင်သူတွေက တရားစွဲဆိုထားပါတယ်။

ဒေသခံတောင်သူ ကိုဝင်းစိုးက "ကျနော့် လယ် ၁၀ ဧကထဲက ၅ ဧကထဲမှာ မြောင်းတူးလိုက်တယ်။ အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နဲ့ ရာအိမ်မှူးဦးကြည်စိုးက ဘယ်သူကိုမှာ မပြောဘဲ တဦးတယောက်အတွက် လုပ်သွားတာပါ။ မြောင်းဖော်လိုက်တဲ့အတွက် ရေက အောက်ဘက်ကိုဆင်းသွားပြီး ကုန်းပေါ်ကလယ် ဧက ၂၀၀ ကျော်က ရေမရတဲ့အတွက် အခု စိုက်ပျိုးထားတဲ့စပါးတွေ ပျက်စီးကုန်ပါတယ်"လို့ ပြောပါတယ်။

တောင်သူကိုဝင်းနိုင်ထွန်းက"ကျနော်တို့ ကျေးရွာမှာ တောင်သူပိုင်တဲ့ တာဘောင် ၃၀ ကျော်ရှိတယ်။ အုပ်ချူပ်ရေးမှူးနဲ့အဖွဲ့က ဖျက်ဆီးလို့ ကျေးရွာသောက်သုံးရေကန်တွေလည်း ပျက်စီးတယ်။ ဝန်ကြီးချုပ်ကို စာတင်တယ်။ မြို့နယ်အုပ်ချုပ်ရေးရုံးကိုလည်း တိုင်တယ်။ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကိုလည်း ရဲစခန်းမှာအမှုဖွင့်ထားပါတယ်။ ဝန်ကြီးချုပ်က ဖြေရှင်းပေးဖို့ မြို့နယ်ကို စာထုတ်ပေးထားတယ်။"လို့ပြောပါတယ်။

ဇွန်လ ၈ ရက်က တရားရုံးက ချိန်းလို့ တောင်သူတွေက သွားရောက်ရာမှာ စခန်းမှူး မအားလို့ဆိုပြီး ပြန်လွှတ်ခဲ့တဲ့အကြောင်းနဲ့  မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်၊ မြေစာရင်းနဲ့ ဆည်မြောင်းတို့က တိုင်ကြားထားတဲ့ကိစ္စ ကျေအေးပေးဖို့နဲ့ မြောင်းတူးထားတာကို ပြန်ဖို့ပေးမယ်လို့ ပြောတယ်လို့ဆိုပါတယ်။

အုပ်ချူပ်ရေးမှူးဖြစ်သူက  အခုလို ဥပဒေကို ချိုးဖောက်ပြီး အနိုင်ကျင့်တဲ့အတွက် ဥပဒေအရ အပြစ်ပေးတာကိုဘဲ လိုချင်တယ်လို့လည်း တောင်သူတွေကပြောပါတယ်။

အုပ်ချူပ်ရေးမှူးဦးဝင်းမြင့်ကတော့ "မြို့နယ်က ဘယ်အဖွဲ့လာလာ ကျနော်က လိုက်မတ်တပ်ရပ် ပေးရတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဆည်မြောင်းဦးစီးအဖွဲ့တွေလာတော့ ကျေးရွာဖွံ့ဖြိုးရေး အတွက် ရာအိမ်မှူးဦးကြည်စိုးက တောင်းဆိုတာပါ။ အခုလည်း ကျနော်တို့ခေါ်ပြီး ညှိနှိုင်းတယ် တောင်သူတွေက လက်မခံဘူး။ တရားစွဲတဲ့အထဲမှာ ကျနော်ကိုပါ ထည့်စွဲတာက သူတို့ မတရားစွဲတာပါ"လို့ ပြောပါတယ်။

ပုံစံ(၇)ရရှိပြီးလယ်မြေပေါ်တွင် အုပ်ချူပ်ရေးမှူးနဲ့အဖွဲ့က မြောင်းတူးဖော်ခဲ့တဲ့အတွက် တောင်သူပိုင် လယ် ၇ ဧကကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး ဧက ၂၀၀ ကျော် မိုးစပါးစိုက်ပျိုးဖို့ အခက်အခဲဖြစ်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့မေလ ၄ ရက်မှာ ပြည်သူတွေနဲ့ ပဲခူးတိုင်းဝန်ကြီးချုပ်တွေ့ဆုံပွဲမှာ ၀န်ကြီးချုပ်က ဒီကိစ္စ အမြန်ဆုံးဖြေရှင်းပေးဖို့ ပြောကြားထားခဲ့ပေမယ့်လည်း ခုချိန်ထိဖြေရှင်းပေးခြင်းမရှိဘူးလို့ ကျေးရွာတောင်သူတွေထံက သိရပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013