DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင်  ရေဘေးကြောင့် အမျိုးသမီး၁ဦးသေဆုံး၊ ပြည်သူ ၁၅၀၀ ခန့် ခိုလှုံနေ
DVB
·
June 18, 2018
ရေးမြို့နယ်တွင်  ရေဘေးကြောင့် အမျိုးသမီး၁ဦးသေဆုံး၊ ပြည်သူ ၁၅၀၀ ခန့် ခိုလှုံနေ
1 / 8
Donate to DVB

 

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဇွန်လ ၁၇ ရက် မနက်ပိုင်းက စတင်ပြီး မိုး အဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာအချို့ရေလွှမ်းမိုးခံခဲ့ရပြီး ဒီနေ့ မနက်ပိုင်းအထိ လူပေါင်း ၁၅၀၀ လောက် ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေပါတယ်။

ရေးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရန်ကြီးအောင်၊ ရန်မျိုးအောင်၊ အောင်မင်္ဂလာ၊ အောင်သုခ၊ အောင်မေတ္တာရပ်ကွက်တွေနဲ့ မြို့အနီး ချောင်းတောင်ကျေးရွာမှာ ရေလွှမ်းမိုးတာ ခံခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၅ ခု ဖွင့်လှစ်ထားရတာပါ။

ရေးမြို့အားကစားရုံမှာဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်း တာဝန်ခံ ရေးမြို့နယ် လ၀ကဦးစီးမှူး ဦးမျိုးခိုင်က “တပ်မတော်၊ ဒေသခံအဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေအပါအ၀င် အလှူရှင်တွေကတော့ နေ့စဉ် မနက် နေ့ ည လှူဒါန်းနေပါတယ်။ စီမံအုပ်ချုပ်မှု အပိုင်းတွေကောင်းမွန်စွာ ဆောင်ရွက်နေပါတယ်။ ရေကတော့ ၄ ပေလောက်ကျသွားပါပြီ၊ မိုးကလည်း ခုရပ်နေပါတယ် '' လို့ ဒီဗွီဘီကို ပြောပါတယ်။

ရေလွှမ်းမိုးမှုကြောင့် မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်က အိမ်ထောင်စုပေါင်း ၃၆၂ စု၊ လူဦးရေစုစုပေါင်း ၁၄၉၈ ဦးအနေနဲ့ ရေဘေးကယ်ဆယ်ရေးစခန်း ၅ ခုဖြစ်တဲ့ မန္တလေး ဘုန်းတော်ကြီးကျောင်း၊ ရေးမြို့အားကစားရုံ၊ ကျိုက်သီမွန်ကျောင်း၊ နန်းတော်ဦး ဘုန်းတော်ကြီး ကျောင်း၊ တပလ္လင်နှစ်ဆူဓမ္မာရုံတွေမှာ ခိုလှုံနေရပါတယ်။

ယနေ့ညနေပိုင်းမှာတော့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ရေးမြို့နယ် နယ်မြေတာဝန်ခံ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ထောက်ပံ့ပစ္စည်းတွေ လာရောက်ပေးအပ်ဖို့ရှိနေပါတယ်။

“ရေကြီးတဲ့နေ့ကစပြီး ထမင်းထုပ်တွေကို လိုက်ဝေဖြစ်တယ်။ အထူးသဖြင့် နေအိမ် စွန့်ခွာခြင်းမရှိတဲ့ အိမ်မှာကျန်နေခဲ့တဲ့သူတွေကို ကယ်ဆယ်ပေးရတာရှိသလို လိုအပ်တဲ့ ထောက်ပံ့မှုတွေ လုပ်ပေးခဲ့တယ်။ သောက်ရေသန့်လိုအပ်ချက်ကတော့ ရှိနေတယ်၊ ရေကတော့ ကျနေတယ်'' လို့ ရေးမြို့မိသားစုပရဟတိအဖွဲ့က ကိုအောင်ခန့်ဟိန်းက ဆိုပါတယ်။

ပျက်စီးဆုံးရှုံးမှုအနေနဲ့ ဇွန်လ ၁၇ ရက်နေ့ ညနေပိုင်းက ရန်ကြီးအောင်တိုးချဲ့ရပ်ကွက်မှာ နေအိမ် ၄ လုံး မျောပါဆုံးရှုံးခဲ့ပြီး အောင်မေတ္တာရပ်ကွက်နေ အသက် ၁၆ အရွယ် အမျိုးသမီး တဦးမှာလည်း ရေထဲ မျောပါသေဆုံးခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ - ၀င်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013