DVB Logo
Home
မြန်မာသတင်း
သမ္ဗန်နစ်မြုပ်မှု အမျိုးသားအလောင်း ၁ လောင်း ထပ်မံတွေ့ရှိ
DVB
·
June 18, 2018
သမ္ဗန်နစ်မြုပ်မှု အမျိုးသားအလောင်း ၁ လောင်း ထပ်မံတွေ့ရှိ
Donate to DVB

ရန်ကုန်- ဒလကူး ကမာကသွယ်လှေဆိပ်က  စက်သမ္ဗန်နစ်မြုပ်ရာမှာ ပျောက်ဆုံးနေသူ လေးဦးထဲက အမျိုးသားအလောင်းတလောင်းကို ဇွန်လ ၁၇ ရက်က သီလဝါ ဆိမ်ကမ်းအလွန် ကမ်းဘးမှာ ထပ်မံတွေ့ရှိခဲ့ပါတယ်။

ဇွန်လ ၁၆ ရက်က သန်လျက်စွန်းမှာ အမျိုးသမီး ၁ ဦး အလောင်းကို ပထမဆုံး ရှာတွေ့ခဲ့ပြီး  ဒုတိယအလောင်းကို ထပ်မံတွေ့ရှိခဲ့တာပါ။

ဇွန်လ ၁၃ ရက်ညက လူ ၁၂ ဦးလိုက်ပါလာတဲ့ ကူးတို့ စက်သမ္ဗန်နစ်မြုပ်ရာမှာ ပျောက်ဆုံးနေတာကတော့ အမျိုးသမီး သုံးဦးနဲ့ အမျိုးသားတစ်ဦး စုစုပေါင်း လေးဦးဖြစ်ပြီး  အခင်းဖြစ်ပွားပြီး ၃ ရက်အကြာမှ အလောင်းတွေရှာတွေ့ခဲ့တာပါ။

ရန်ကုန် စဥ့်အိုးတန်းဆိပ်ကမ်းကနေ ဒလမြို့နယ် ကမာကသွယ်ဆိပ်ကမ်းပြေးဆွဲနေတဲ့ သမ္ဗန်တိမ်းမှောက်တာနဲပတ်သက်ပြီး စက်သမ္ဗန်ယာဉ်မောင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၀/၃၇၇ နဲ့ ဆိပ်ကမ်းမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013