DVB Logo
Home
မြန်မာသတင်း
မယ်လဒုက္ခသည်စခန်းရေကြီး၊ အိမ်ခြေ ၁၀၀ ခန့် နစ်မြုပ် (ရုပ်သံ)
DVB
·
June 18, 2018
မယ်လဒုက္ခသည်စခန်းရေကြီး၊ အိမ်ခြေ ၁၀၀ ခန့် နစ်မြုပ် (ရုပ်သံ)
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စခန်းတွင်း ရေတွေဝင်ကာ  လူနေအိမ်တွေ ၁၀၀လောက် နစ်မြုပ်ခဲ့ပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မနေ့ ဇွန်လ ၁၇ ရက် နေ့လယ်လောက်မှာ ရေတွေကြီးလာပြီး စခန်းရှိ ဇုန်C1A၊ C1B၊ C1B အစရှိတဲ့ ရပ်ကွက်တွေ ရေ၀င်နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။

အိမ်ပေါင်း ၁၀၀ လောက် ရေနစ်မြုပ်ခဲ့တဲ့အတွက် အပျက်အစီးစာရင်းတွေကို လိုက်လံကောက်ယူနေဆဲပဲလို့ မယ်လဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောအောနက်က ပြောပါတယ်။

“ရေကတော့ မနေ့ညက ပြန်ဆင်းကုန်ပြီး မြောင်းထဲကို။ ဟိုအရင်တနေ့က ညနေပိုင်းက မနက်မိုးလင်းလို့ နေ့လယ်လောက်အထိ မိုးရွာခဲ့တဲ့အတွက် ရေတွေလျှံလာတာဖြစ်ပါတယ်။ ပြီးတော့ ကျောက်ဆောင် လေးပူကနေ ပိတ်ခဲ့တဲ့အတွက် ရေကြီးရေလျှံလာတာဖြစ်ပါတယ်။ ဒီနေ့တော့ သန့်ရှင်းရေးတွေပြန်လုပ်တယ်။ စာရင်းတွေကိုတော့ ပြုစုနေဆဲဖြစ်ပါတယ်။ ”

ရေကြီးမှုကြောင့် လူနေအိမ်တွေအပြင် ကျမ်းစာသင်ကျောင်းနဲ့ ဘုရားကျောင်းတွေ၊ ကျောင်းတွေ ရေနစ်မြုပ်ခဲ့တဲ့အပြင် စခန်းဆေးရုံအထိ ရေတက်ခဲ့တယ်လို့ ပြောပါတယ်။

မယ်လဒုက္ခသည်စခန်းမှာ အရင်နှစ်တွေတုန်းကလည်း အခုလိုပုံစံမျိုး ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ဖူးပါတယ်။

ထိုင်း-မြန်မာနယ်စပ် တစ်လျှောက် မြန်မာဒုက္ခသည်စခန်း (၉)ခုရှိပြီး မယ်လဒုက္ခသည်စခန်းဟာ လူဦးရေအများဆုံးနေထိုင်တဲ့ စခန်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013