DVB Logo
Home
မြန်မာသတင်း
ရေကြီးရေလျှံမှုကြောင့် မင်းပြားတွင် သောက်ရေကန် ၅၇ ကန် ရေနစ်မြုပ်
DVB
·
June 17, 2018
ရေကြီးရေလျှံမှုကြောင့် မင်းပြားတွင် သောက်ရေကန် ၅၇ ကန် ရေနစ်မြုပ်
Donate to DVB

 

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ် မြို့နယ်တွေထဲက မင်းပြားမြို့နယ်မှာ ရေကန် ၅၇ ကန် ရေတွေ ဖုံးလွှမ်းသွားတယ်လို့ ရေရှိဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်စီးမံခန့်ခွဲမှုဌာနက ပြောပါ တယ်။

မင်းပြားမြို့နယ် ကျေးရွာပေါင်း ၃၀ ကျော် ရေနစ်မြုပ်မှုဒဏ်ကို ခံခဲ့ရပြီး အဲ့ဒီမှာ မင်းပြားမြို့နယ် ပန်းမြောင်းကြီး ချောင်းနဲ့ ဖုံသာချောင်းတို့ဘက်မှာ သောက်ရေကန်တွေ ၅၇ ကန် ရေလွှမ်းမိုးဒဏ်ခံခဲ့ရတာပါ။

“ရေကြီးလို့ နစ်မြုပ်သွားတာ ၅၆ ကန်ရှိတယ်။ ကျန်တဲ့မြို့နယ်တွေမှာတော့ သိပ်မရှိဘူး။ ရေကန် ၅၆ ကန်ဆိုတော့ တော်တော်များတယ်။ မြေပြင်အနေအထားမှာတော့ ဘယ်လို ဆောင်ရွက်နေလဲ၊ အကူအညီတွေရအောင် ဆောင်ရွက်နေလဲဆိုတာတော့ အသေးစိတ် မသိရသေးပါဘူး။ အခက်အခဲတော့ ရှိနေမှာပါ” လို့ ပြောပါတယ်။

အခုလို ကျေးရွာတွေရဲ့ ရေကန်တွေမှာ ရေကြီးရေလျှံခဲ့တာကြောင့် ဒီရေတွေကို ပြန်လည် စုပ်ထုတ်နိုင်ဖို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်စီးမံခန့်ခွဲမှုဌာနက ရေစုပ်အချို့ကို ပို့ထားလိုက်ပြီ လို့ ဦးစီးမှူးရဲမင်းဦးက ဒီဗွီဘီကိုပြောပါတယ်။

“ရေသန့်ရရှိဖို့တော့ world vision  က ရေသန့်ဆေးဖာတွေ မြောက်ဦးခရိုင်ဦးစီးမှူးရုံးကို ပို့ထားတယ်၊ ဆိုတော့ စနစ်တကျ အသုံးပြုနည်းနဲ့အညီ ဖြန့်ဖြူးဝေငှပေးနိုင်ရင် လောလောဆယ် ရေသန့်ရပါမယ်။ လောလောဆယ် ဒီလိုရေစုပ်နေတဲ့အခါမှာတော့ မိုးရေတွေပဲ သုံးရမယ်။ ရေစုပ်စက်တွေကို မင်းပြားကို ကျန်ာတို့ ပို့ထားလိုက် ပါပြီ”လို့ ပြောပါတယ်။

မင်းပြားမဲဆန္ဒနယ်မြေအမှတ်၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်က “ကျေးရွာဘက်တွေမှာ ရေကြီးခဲ့တယ်။ အဲ့ဒါကြောင့် ရေကန်တွေမှာ အကုန်လျှံထွက်သွားတယ်။ အခုက ရေရှိဖို့ ခက်ခဲနေကြတယ်။ ဒီကနေ့မှာဆိုရင် မင်းပြားမြို့ထဲမှာရှိနေတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ အုပ်ချုပ်ရေးဌာနတွေက တာဝန်ရှိသူတွေကဝိုင်းဝန်လို့ ရေသန့်ဘူးကြီးတွေ လိုက်ဝေနေကြတယ်။ နောက်ပြီး ရေတွင်း ရေကန်တွေကိုလည်း စုပ်ထုတ်ဖို့ လုပ်နေကြတယ်”လို့ပြောပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် ရခိုင်ပြည်နယ်ထဲက မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ် ၃ မြို့နယ်မှာ ဇွန် ၁၅ ရက်နေ့အထိ လူဦးရေ ၄၀၀၀ နီးပါ ဘေးလွှတ်ရာ ရွှေ့ပြောင်းနေရတယ်လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနက ပြောပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် ရခိုင်ပြည်နယ်က ကျောင်းအချို့ကို ဇွန် ၁၅ ရက်နေ့ထိ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့တွေမှာ စာသင်ကျောင်းပေါင်း ၂၀၀ ကျော်ယာယီပိတ်ထားခဲ့ရပြီး ဘယ်တော့ပြန်ဖွင့်မလဲဆိုတာ မပြောနိုင်သေးဘူးလို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှကပြောပါတယ်။

ဒါအပြင် မိုးအဆက်မပြတ်ရွာသွန်းလို့ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ် အတွင်းမြို့နယ်တွေမှာ ရေကြီးမှုကြောင့်တပတ်အတွင်း ၁၀ ဦးထက်မနည်း သေဆုံးမှုတွေရှိခဲ့ပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013