DVB Logo
Home
မြန်မာသတင်း
ကြို့ပင်ကောက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အကြို လှုပ်ရှားမှုပြုလုပ်
DVB
·
June 17, 2018
ကြို့ပင်ကောက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အကြို လှုပ်ရှားမှုပြုလုပ်
Donate to DVB

 

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ် ကြို့ပင်ကောက်မြို့မှာ န်လ(၁၇)ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၃ နှစ်မြောက် မွေးနေ့အကြို လူထုလှုပ်ရှားမှုတရပ်ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် (၇၃) နှစ်မြောက်မွေးနေ့အကြို လူထု လှုပ်ရှားမှုကို ငြိမ်းချမ်းပါစေ မြန်မာပြည်ကွန်ရက်အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့တာပါ။

လူစည်ကားရာ နေရာတွေမှာ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အောင်ရမည် ဆိုင်းဘုတ်တွေ စိုက်ထူတာ၊ ကားနဲ့ဆိုင်ကယ်တွေမှာ စတေကာကပ်တာတွေ ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းပါစေမြန်မာပြည် ကွန်ရက်အပါအဝင်ပြည်သူ ၅၀ လောက် ပါဝင်ခဲ့ပါတယ်။

ငြိမ်းချမ်းပါစေ မြန်မာပြည် ကွန်ရက်အဖွဲ့က ဦးဆောင်သူ ဦးတင်ထွဋ်က “ငြိမ်းချမ်းရေးကို မြန်မာတနိုင်ငံလုံးက ပြည်သူတွေ လိုလားနေတာပါ။ မလိုလားသူတွေက ကိုယ်ချင်းစာနာမှု မရှိတဲ့သူနဲ့ လူသားချင်းစာနာမှု မရှိတဲ့လူတွေလို့ မြင်ပါတယ်။ တိုင်းပြည်ငြိမ်းချမ်းမှာ တိုင်းပြည်တိုးတက်မယ်၊ နိုင်ငံသူနိုင်ငံသားအားလုံးက အေးချမ်းစွာနဲ့ တရားဥပဒေစိုးမိုးမှု အောက်မှာ နေနိုင်မှာပါ။ ကျနော်တို့က ငြိမ်းချမ်းရေးကို လိုလားတဲ့သူတွေဖြစ်တဲ့အတွက် အခုလိုလုပ်တာပါ။ ဇွန်လ ၁၉ ရက်နေ့ မွေးနေ့မှာ သစ်ပင်စိုက်တာတွေ ဆက်လုပ်ဆောင်ဖို့ ရှိပါတယ်" လို့ ပြောပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013