DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့တွင် နောက်ဖေးလမ်းကြား ကလေးကစားကွင်းနှင့် အပန်းဖြေဥယျာဉ် ဖွင့်လှစ်
DVB
·
June 17, 2018
ရန်ကုန်မြို့တွင် နောက်ဖေးလမ်းကြား ကလေးကစားကွင်းနှင့် အပန်းဖြေဥယျာဉ် ဖွင့်လှစ်
1 / 9
Donate to DVB

နောက်ဖေးလမ်းကြားတွေမှာ အမှိုက်ကင်းစင်ဖို့အတွက်ရည်ရွယ်ပြီး ပြုလုပ်တဲ့ ကလေးကစားကွင်းနဲ့ အပန်းအဖြေဥယျာဉ်ဖွင့်ပွဲကို ဇွန်လ ၁၇ ရက်နေ့ ညနေက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၅ လမ်းမှာ ကျင်းပခဲ့ပါတယ်။

ဂျာမနီသံရုံးရဲ့ ကူညီအညီကိုယူပြီး ရပ်ကွက်နေပြည်သူတွေနဲ့ တို့အိမ်အဖွဲ့တို့က ပူးပေါင်း ပြီး နောက်ဖေးလမ်းကြားတွေမှာ ဥယျာဉ်ပန်းခြံဖြစ်မြောက်ရေး စီမံကိန်းကို ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပန်းဥယျာဉ်ဖြစ်မြောက်ရေးအတွက် တို့အိမ်အဖွဲ့က ၈၀ ရာခိုင်နှုန်းနဲ့ ရပ်ကွက်နေ ပြည်သူတွေက ၂၀ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၆၀၀၀ အကုန်အကျခံ ဆောက်လုပ်ခဲ့တာပါ။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပလတ်စတစ်အမှိုက်လျှော့ချရေးနဲ့ စွန့်ပစ် အမှိုက်ပြန်လည်အသုံးပြုခြင်းဆိုင်ရာ theme တွေ ပါဝင်သလို ကလေးကစားကွင်း၊ လူကြီးတွေ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်နိုင်မယ့်နေရာ၊ နံရံကပ်ဥယျာဉ်၊ နံရံပန်းချီ၊ ပလတ်စတစ်က ပြုလုပ်တဲ့ အနုပညာလက်ရာတွေ၊ အပင်တွေနဲ့ အနားယူစရာခုံတန်းတွေပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013