DVB Logo
Home
မြန်မာသတင်း
မှုခင်းသတင်းထောက်အမည်ခံ၍ လောင်းကစားနှင့် ငွေတောင်းမှုများတွေ့ရှိရင် အရေးယူမည်
DVB
·
June 17, 2018
မှုခင်းသတင်းထောက်အမည်ခံ၍ လောင်းကစားနှင့် ငွေတောင်းမှုများတွေ့ရှိရင် အရေးယူမည်
Donate to DVB

 

အထူးသတင်းထောက်၊ မှုခင်းသတင်းထောက် အမည်ခံပြီး လောင်းကစားလုပ်တာ၊ မှုခင်းတွေမှာ အမှုလိုက်အကျိုးဆောင်လုပ်တာ၊ ငွေတောင်းတာ၊ ဒုစရိုက်လုပ်နေသူတွေဆီက လစဉ်ကြေး ယူတာတွေ ရှိနေပြီး စိစစ်တွေ့ရှိမယ်ဆိုရင် အရေးယူမယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ အသွင်သဏ္ဌာန်နဲ့ ယူနီဖောင်းတွေ ဖန်တီး ဝတ်ဆင်တာ မလုပ်ဖို့၊ လုပ်ခဲ့ရင် တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်ဆိုတာကို ပြည်ထဲရေး ဝန်ကြီးဌာနက နိုင်ငံပိုင်သတင်းစာတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်က ကြေညာချက် ထုတ်ပြန်ပြီး ဖြစ်ပါတယ်။

တချို့ သတင်းထောက်တွေဟာ သတင်းယူရာမှာ ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေကြာင့် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေက တိုင်ကြားတာတွေ ရှိပြီး ၁၆ ယောက်ကို အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

သတင်းထောက်အသင်းဝင်တွေအနေနဲ့ နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ အသွင်သဏ္ဌာန်နဲ့တူတဲ့ ဝတ်စုံတွေ ဝတ်ဆင်တာ၊ ဥပဒေမဲ့ ငွေကြေးတောင်းခံခြင်းနဲ့ ဥပဒေမဲ့ လုပ်ရပ်တွေလုပ်တာကို စိစစ်တွေ့ရှိမယ်ဆိုရင် တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ အသိပေး ကြေညာလိုက်ပါတယ်။

ပြီးတော့ မှုခင်းသတင်းထောက်တွေအပါအဝင် သတင်းထောက်အသင်းတွေဟာ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ မှတ်ပုံတင်ထားသော အဖွဲ့အစည်း ဖြစ်လို့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေ ၄၊ စည်းကမ်းချက်တွေကို မလိုက်နာရင် မှတ်ပုံတင် လက်မှတ်လဲလှယ်တာ၊  သက်တမ်းတိုးတာတွေကို ငြင်းပယ်ခံရ မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013