DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်အနှစ်သာရ ခံစားနိုင်ရေး ကျောင်းများတွင် အဆောင်ထားရှိရန်လိုဟု ၀န်ကြီးချုပ် ပြော
DVB
·
June 17, 2018
တက္ကသိုလ်အနှစ်သာရ ခံစားနိုင်ရေး ကျောင်းများတွင် အဆောင်ထားရှိရန်လိုဟု ၀န်ကြီးချုပ် ပြော
Donate to DVB

 

တက္ကသိုလ်ရဲ့ အနှစ်သာရကို ခံစားနိုင်ဖို့ ကျောင်းတွေမှာ အဆောင်ထားဖို့လိုတယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ပြင်ဆင်နေတဲ့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (အင်းစိန် GTI) ကို မနေ့ နေ့လယ်ပိုင်းက သွားရောက်ရာမှာ ပြောခဲ့တာပါ။

ကျောင်းသားတွေ တယောက်နဲ့ တယောက် အသင်းအဖွဲ့အနေနဲ့ ကွန်ရက်ချိတ်နိုင်ဖို့ အဆောင်ထားရှိစေချင်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ကျောင်းသားတွေကို သူ့တို့ရဲ့ရပ်ဝန်းလေးတခုတည်းမှာပဲ နေစေချင်တယ်လို့ ပြောပါတယ်။

တဦးချင်း၊ တယောက်ချင်းနေတာမျိုး မဟုတ်ဘဲ အဆောင်နေဘဝနဲ့ နေပြီး တစ်ယောက်နဲ့ တစ်ယောက် ကွန်ရက်တခု ချိတ်တွဲမိပြီဆိုရင် သူ့ရဲ့ ဘဝခရီးလျှောက်လှမ်းတဲ့ အခါ အချင်းချင်း ထိန်းကျောင်းနိုင်သလို တက္ကသိုလ်အဝန်းအဝိုင်းရဲ့ အနှစ်သာရကို ခံစားနိုင်ဖို့ဆိုရင် ကျောင်းတွေမှာ အဆောင်ရှိဖို့လိုမယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကျောင်းတာဝန်ရှိသူတွေ အနေနဲ့ အဆောင်ထားရှိဖို့ ပြင်ဆင်စေလိုတယ်လို့ ပြောပါတယ်။

“ကျနော့်တိုင်းထဲမှာရှိတဲ့ ကျောင်းတွေကို ပိုပြီး ဖွ့ဖြိုးတိုးတက်အောင်လုပ်မယ်။ ဒါဟာ လည်း နိုင်ငံတော်အတိုင်ပင်ခံကြီးရဲ့ အတွေးဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံက ပညာရေးစနစ် တခုကို သွားမယ်ဆိုရင် ကျောင်းတွေကနေ လက်တွေ့အသုံးချနိုင်တဲ့ အတတ်ပညာတွေကို ရသွားစေချင်ပါတယ်။ နောက်ပြီး အဆင့်မြင့်ပညာတွေ ထပ်သင်နိုင်တဲ့ အခွင့်အလမ်းတွေလည်း ရှိစေချင်ပါတယ်။ အင်းစိန်(GTI) ဆိုတာ သမိုင်းအားဖြင့်ကြည့်မယ်ဆိုရင်လည်း ကောင်းမွန်တဲ့ ကျောင်းတကျောင်းဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013