DVB Logo
Home
မြန်မာသတင်း
အရေးပေါ် ကယ်ဆယ်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ခေါ်ယူ
DVB
·
June 17, 2018
အရေးပေါ် ကယ်ဆယ်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ခေါ်ယူ
Donate to DVB

ရေကြီးနေတာအတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နိုင်ဖို့ မွန်ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးကို အခုနေ့လယ်မှာ ခေါ်ယူထားတယ်လို့ အစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မနေ့ညက မိုးသည်းသည်းထန်ထန်ရွာပြီး နောက်ပိုင်း ဒီနေ့ မနက်အစောပိုင်းက စလို့ မွန်ပြည်နယ် မြို့တွေမှာ ရေကြီးနေတာပါ။

မော်လမြိုင်၊ ရေး၊ ကျိုက်မရော၊ မုဒုံ၊ ပေါင်၊ သံဖြူဇရပ်စတဲ့ မြို့တွေမှာ ရေကြီးနေပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ကတော့ မော်လမြိုင်မြို့ပေါ်က ရေနစ်နေတဲ့ ရပ်ကွက်တွေ၊ ကျိုက်သလ္လံ တောင်ကမ်းပါး ပြိုကျလာတာတွေကို ကွင်းဆင်းကြည့်ခဲ့ပါတယ်။

မော်လမြိုင်ပြည်သူ့ဆေးရုံနဲ့ မုတ္တမတိုက်နယ်ဆေးရုံမှာလည်း ရေတွေဝင်နေပြီး လမ်းမတွေပေါ်ကို ရေကျော်နေလို့ သံလွင်တံတား မော်လမြိုင်ကိုလည်း ပိတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013