DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်အတွင်း အိမ်ခြေ ၄၀၀ ခန့် ရေနစ်မြုပ်
DVB
·
June 17, 2018
ရေးမြို့နယ်အတွင်း အိမ်ခြေ ၄၀၀ ခန့် ရေနစ်မြုပ်
1 / 7
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ်မှာ ဒီနေ့မနက်ပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းတဲ့အတွက် အိမ်ခြေ ၄၀၀ လောက် ရေနစ်မြုပ်မှု ဖြစ်ပွားနေပြီး ရေ  ထပ်မံတိုးလာနေပါတယ်။

လတ်တလော သတင်းပေးပို့ချက်တွေအရ လူထိခိုက်သေဆုံးမှု မရှိသေးပေမယ့် ကျုံလောင်းရွာဟောင်း ဘုန်းတော်ကြီးကျောင်းတံတားသစ် မြေထိန်းနံရံပြိုကျတာ၊ ဘဲလမုရွာမှာ လယ်ထွန်စက်အသေး ၆ စီးလောက် ရေထဲမျောပါခဲ့တယ်လို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက သိရပါတယ်။

"ရေဘေးသင့်ပြည်သူတွေကို ဘေးလွတ်ရာရွှေ့ထားတယ်။ လူစာရင်းအတိအကျ မရသေးပါဘူး။ အားကစားရုံမှာ ကယ်ဆယ်ရေးစခန်းဖွင့်ထားတယ်'' လို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကျောင်းရွာကျေးရွာ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးကျော်ဝင်းက ''ချောင်းရဲ့အဖျား ရေတွေတအားဆင်းနေလို့ ရေးမြို့အတွက် သတိထားရမယ်။ ခု ရွာမှာ အိမ်ခြေ ၃၀ ကျော် လူ ၂၀၀ လောက်ရေဘေးသင့်နေပါတယ် ''

လို့ ဒီဗွီဘီကို ပြောပါတယ်။

ဇွန်လ ၁၇ ရက်နေ့က မိုးရေချိန် ၈.၉၄ လက်မရွာသွန်းခဲ့ပြီး ရေးမြို့မဈေးတခုဖြစ်တဲ့ မြသီတာဈေးတစ်ဝက်ကျော်ခန့် ရေနစ်မြုပ်နေကာ ဆုံးရှုံးမှုအချို့ရှိနိုင်တယ်လို့ ဈေးသူဈေးသားတွေက ပြောပါတယ်။

ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013