DVB Logo
Home
မြန်မာသတင်း
ငဖဲမြို့နယ်တွင် တိရိစ္ဆာန်အစိတ်အပိုင်းများနှင့် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ဖမ်းမိ
DVB
·
June 17, 2018
ငဖဲမြို့နယ်တွင် တိရိစ္ဆာန်အစိတ်အပိုင်းများနှင့် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ဖမ်းမိ
1 / 5
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ပဒါန်းကျေးရွာမှာ ဇွန် ၁၆ ရက်နေ့က တိရိစ္တာန်အစိတ်အပိုင်းတွေနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲဦးစီးဌာနကြီး မှုခင်းဌာန၊ ပဒါန်းရဲကင်းစခန်း၊ သစ်တောရဲတပ်ဖွဲ့နဲ့ ငဖဲမြို့နယ် သစ်တောဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့က ပဒါန်းကျေးရွာ အမှတ် ၂ ရပ်ကွက်မှာ နေထိုင်တဲ့ တရုတ်ကလေး (ခေါ်) လီကွမ်းယု အိမ်ကို သတင်းအရ ရှာဖွေရာမှာ အခုလို ဖမ်းဆီးခဲ့တာလို့ ပဒါန်းရဲကင်း စခန်းမှူး ရဲအုပ်ကျော်ဇေယျက ဒီဗွီဘီ ကို ပြောပါတယ်။

ဂိုတောင်တွင်းက သမင်ဦးချို ၃ ခု၊ အရေခွံခွာပြီးသား သင်းခွေချပ် အစို ၄ ကောင်၊ ဝက်ဝံအရေခွံပိုင်းအစို ၄ ခု၊ ဝက်ဝံအရေခွံနဲ့တွဲလျက် အသားတွဲ ၁ ပိဿာလောက်ရှိ ၁ တုံး၊ ဝက်ဝံဦးခေါင်း အစို ၁ ခု၊ ဆင်နှာခေါင်းသားအစို ၁ တုံး၊ ဆင်အရေခွံ အစို အတုံးသေး ၄ ခု၊ ဝက်ဝံအဆီ ပလတ်စတစ်ဘူးစိမ်းနဲ့ ၁ ဘူ၊ ဖြူစူး ၂၀ သားလောက်နဲ့ အမိုနီယန်နိုက်ထရိတ် ၃ အိတ်၊ ဒစ်တိုနီတာ ၁၈ စည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ တရုတ်ကလေး(ခေါ်)လီကွမ်းယု ကို ငဖဲမြို့မရဲစခန်းမှာ ဇီဝမျိုးစုံ/ မျိုးကွဲ သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင်ရှောက်ခြင်းဆိုင်ရာ ပုဒ်မ ၄၀(က)/ ၄၁(က)နှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများဆိုင်ရာ ဥပဒေပုဒ္မ-၅ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013