DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပညာရေး ပုံသွင်းနေသည့် စနစ်ဖြစ်နေခြင်းကြောင့် ပညာရေး ကျဆင်းဟု ဆို
DVB
·
June 17, 2018
မြန်မာ့ပညာရေး ပုံသွင်းနေသည့် စနစ်ဖြစ်နေခြင်းကြောင့် ပညာရေး ကျဆင်းဟု ဆို
Donate to DVB

 

မြန်မာ့ပညာရေးစနစ်ဟာ လူငယ်တွေ ဖြစ်ချင်တာကို ပံ့ပိုးပေးတဲ့ ပညာရေးစနစ်မဟုတ်ဘဲ အစိုးရက ဖြစ်ချင်တာကို ပုံသွင်းနေတဲ့ စနစ်ဖြစ်နေတာကြောင့် ပညာရေး ကျဆင်းနေတာလို့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) မှ ဥက္ကဋ္ဌတဦးဖြစ်တဲ့ ဒေါက်တာ သိန်းလွင်က ပြောပါတယ်။

အရင် ဦးနေဝင်းအစိုးရ လက်ထက်တုန်းကလည်း အစိုးရက ဖြစ်ချင်တဲ့ ပညာရေးစနစ်ကို ပုံသွင်းခဲ့သလို လက်ရှိ အန်အယ်လ်ဒီအစိုးရလက်ထက်မှာလည်း အခုလိုစနစ်အတိုင်း ကျင့်သုံးနေတယ်လို့ ဆိုပါတယ်။

အာဏာရှိသူတွေက သူတိြု့ဖစ်ချင်တာကို ပုံသွင်းနေတဲ့ ပညာရေးစနစ်ဟာ လုံးဝမဖြစ်သင့်တာကြောင့် လက်မခံဘူးလို့လည်း ဒေါက်တာသိန်းလွင်က ပြောပါတယ်။

ကောင်းမွန်တဲ့ ပညာရေးစနစ်ဟာ ကျောင်းသားတွေရဲ့ စွမ်းရည်၊ ၀ါသနာ၊ လေ့လာသင်ယူမှု၊ ဘ၀ရပ်တည်မှု စတဲ့ သူတို့တွေရဲ့ လိုအပ်ချက်တွေကို ဖြည်တင်းပေးနိုင်တဲ့ ပညာရေးစနစ်ဖြစ်ဖို့ လိုတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013