DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးတဦး ၁၂ ရက်သား ကလေးနှင့်အတူ တိုက်ပေါ်မှ ခုန်ချ၊ ကလေးငယ်သေဆုံး
DVB
·
June 17, 2018
အမျိုးသမီးတဦး ၁၂ ရက်သား ကလေးနှင့်အတူ တိုက်ပေါ်မှ ခုန်ချ၊ ကလေးငယ်သေဆုံး
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၂ ရပ်ကွက်မှာ အမျိုးသမီးတဦး ကလေးငယ်နဲ့အတူ အမြင့် ၂၅ ပေလောက်ရှိတဲ့ ဝရန်တာမှ ခုန်ချခဲ့လို့ ၁၂ ရက်သားအရွယ် ကလေးငယ် သေဆုံးသွားခဲ့ပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နေ အသက် ၃၈ နှစ်အရွယ် မယဉ်စုမွန်မှာ အမြင့် ၂၆ ပေလောက်ရှိတဲ့ ဝရန်တာကနေ သွေးနုနုအချိန်မှာ သွေးလန့်ပြီး သေဆုံးဖို့အကြံနဲ့ ကလေးနဲ့အတူခုန်ချရာကနေ ကလေးငယ်သေဆုံးပြီး မယဉ်စုမွန်ကတော့ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေတာ ဖြစ်ပါတယ်။

“ဖြစ်တာကတော့ အမျိုးသမီးတယောက်သွေးနုချိန် ကိုယ့်ဘာသာကိုယ် သေကြောင်းကြံစည်တာပါ။ သူက အမြင့်က ခုန်ချတာ၊ ကလေးနဲ့အတူပါ။ ကလေးကတော့ အခင်းဖြစ်နေရာမှာပဲ သေသွားတာပါ။ သေကြောင်းကြံစည်တဲ့ အမျိုးသမီးကတော့ သင်္ဃန်းကျွန်းစံပြဆေးရုံမှာ အတွင်းလူနာအနေနဲ့ ဆေးကုသမှုခံယူနေတယ်” လို့ ဒဂုံဆိပ်ကမ်းရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့ အားထုတ်ပြီး ကလေးငယ်ကိုသေဆုံးစေခဲ့တဲ့ မယဉ်စုမွန်ကို ဒဂုံဆိပ်ကမ်းက ရဲအုပ်ဝင်းကိုက တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က၊ ၃၀၉ နဲ့ ဇွန်လ ၁၃ ရက်နေ့က အမှုဖွင့်ထားပြီး အမျိုးသမီးဆေးရုံက ဆင်းပါက ဖမ်းဆီးစစ်ဆေးသွားမယ်လို့ ဒဂုံဆိပ်ကမ်းရဲစခန်းက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013