DVB Logo
Home
မြန်မာသတင်း
မိုးသည်းထန်မှုကြောင့် မော်လမြိုင်တွင် အကြီးအကျယ် ရေလွှမ်းမိုးနေ (ရုပ်သံ)
DVB
·
June 17, 2018
မိုးသည်းထန်မှုကြောင့် မော်လမြိုင်တွင် အကြီးအကျယ် ရေလွှမ်းမိုးနေ (ရုပ်သံ)
Donate to DVB

မနေ့ညက မိုးသည်းသည်ထန်ထန်ရွာပြီးနောက်ပိုင်း ဒီနေ့ မနက်အစောပိုင်းက စလို့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တခုလုံးနီးပါး ရေကြီးနေပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ကိုဘိုဘိုဝင်းက “တမြို့နယ်လုံးနီးပါးကြီးနေတာပါ။ မနက် ၃ နာရီလောက်က စပြီးရေတက်လာတာပါ။ အခုကျနော်တို့က တောင်ဝိုင်းကို ရောက်နေပါတယ်။ ဒီမှာက ရေထဲဆင်းလို့မရဘူး။ ရေစီးသန်တယ်၊ နက်တယ်။ လူတရပ်စာလောက်မြုပ်ပါတယ်။ လှေတွေနဲ့ပဲသွားလာပြီး လူတွေကို ကယ်ထုတ်နေတာပါ။ ဒီမှာ ၃၅၀ လောက် ကယ်ထုတ်ဖို့ လုပ်နေပါတယ်” လို့ ပြောပါတယ်။

အခုအချိန်ထိတော့ ပျောက်ဆုံး၊ ဒဏ်ရာရ စာရင်းမသိရသေးဘူးလို့လည်း သူက ပြောပါတယ်။

မြို့ပေါ်ရပ်ကွက်တွေလည်း ရေနစ်မြုပ်နေပြီး အဝေးပြေးလမ်းတွေလည်း ပြတ်တောက်နေတယ်လို့ ဒေသခံနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ရုပ်သံ - bo win

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013