DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 16, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ဒီနေ့မှာတော့ရန်ကုန် ကုန်စည်ဒိုင်နဲ့   နယ်မြို့ကုန်စည်ဒိုင်တိုရဲ့ ဈေးနှုန်းကွာခြားချက် တွေကို  AMIA က တင်ပြပေး သွားမှာပါ။

ပဲလွန်းဖြူ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူ (ပဲခူး၊ မင်းလှ၊ မြစ်ဝကျွန်းပေါ်)က  ပိဿာ ၆၀၀င်တစ်အိတ်ကို ၆၁၈၀၀ ကနေ ၇၆၂၀၀ ပေါက်ဈေးရှိနေပြီး မန္တလေးကုန်စည်ဒိုင်မှာတော့ ၇၀၀၀၀ ကနေ ၇၈၀၀၀ ပေါက်ဈေးရှိနေပါတယ်။

ရန်ကုန်နဲ့ မန္တလေးမှာ ၁၈၀၀ ၀န်းကျင် ဈေးကွာခြားမှုရှိပါတယ်။

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲအဟောင်း  ပိဿာ ၆၀ ၀င် တစ်အိတ်ကို ၄၅၇၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀   ကျပ်ဈေးတက်လာပါတယ်။

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ အဟောင်း တစ်အိတ်ကို  ၄၅၀၀၀ ကနေ ၅၁၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။

ရန်ကုန်နဲ့မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၅၃၀၀ ကျပ်  ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီအဟောင်းက ပိဿာ ၆၀ ၀င် တအိတ်ကို ၄၈၅၆၀ ကျပ်ပေါက်ဈေးရှိပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာတော့ ၄၆၀၀၀ ဈေးရှိနေပြီး ရန်ကုန်ကုန်စည်ဒိုင်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၂၅၆၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းညို

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းညို ၄၅ ပိဿာဝင် တအိတ်ကို ၁၁၇၀၀၀ ကနေ ၁၁၈၀၀၀ ပေါက်ဈေးရှိနေပြီး ပခုက္ကူကုန်စည်ဒိုင်မှာ ၁၁၁၀၀၀ ဈေးရှိပါတယ်။

မန္တလေးနဲ့ ပခုက္ကူမှာ ၇၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကုလားပဲခြမ်း

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကုလားပဲခြမ်း ၉၂၉ က တပိဿာကို ၁၅၀၀ ကနေ ၁၅၅၀ ပေါက်ဈေးရှိနေပြီး မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တပိဿာကို ၁၄၆၀ ပေါက်ဈေးရှိပါတယ်။

ရန်ကုန်နဲ့ မန္တလေးမှာ တပိဿာကို ၉၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲဆီ

ပခုက္ကူကုန်စည်ဒိုင်မှာ ပဲဆီ တပိဿာကို ၄၂၀၀ ပေါက်ဈေးရှိနေပြီး မုံရွာကုန်စည်ဒိုင်မှာတော့ တပိဿာကို ၃၈၀၀ ကနေ ၄၅၀၀ ဈေးရှိနေပါတယ်။

ပခုက္ကူနဲ့ မုံရွာကုန်စည်ဒိုင်မှာတော့ တပိဿာကို ၃၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013