DVB Logo
Home
မြန်မာသတင်း
ဥပဒေနှင့်မလွတ်ကင်းသည့်လုပ်ငန်းများကို အသင်းအဖွဲ့များ လုပ်ဆောင်လာဟု တိုင်းအစိုးရ ပြော
DVB
·
June 16, 2018
ဥပဒေနှင့်မလွတ်ကင်းသည့်လုပ်ငန်းများကို အသင်းအဖွဲ့များ လုပ်ဆောင်လာဟု တိုင်းအစိုးရ ပြော
Donate to DVB

လူမှုရေးအသင်းအဖွဲ့အမည်ခံပြီး ဥပဒေနဲ့ မလွတ်ကင်းတဲ့ လုပ်ငန်း လုပ်ဆောင်နေတာတွေ တွေ့လာရတယ်လို့ ရန်ကုန်တိုင်းအစိုးရက ပြောပါတယ်။

ဇွန် ၁၅ ရက်က တိုင်းဒေသကြီး အစိုးရအဖွဲရုံးမှာလုပ်တဲ့ အသင်းအဖွဲ့များ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်းများ အလွဲအသုံးချမခံရစေရေး အသိပညာပေး ဆင့်ပွားဟောပြောပွဲမှာ တိုင်းဒေသကြီး မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောခဲ့တာပါ။

“လူမှုရေးအသင်းအဖွဲ့အမည်ခံပြီး ဘာသာရေးနောက်ခံဆောင်ရွက်တဲ့ အဖွဲ့အစည်းများ၊ ငွေကြေးခဝါချသူများ၊ ဥပဒေနဲ့ မလွတ်ကင်းတဲ့ လုပ်ငန်း လုပ်ဆောင်သူများက အကာအကွယ်ယူ ဆောင်ရွက်လာကြတာကို တွေ့ရပါတယ်။ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများမှာ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ရင် အသင်းအဖွဲ့က ပယ်ဖျက်နိုင်ပေမယ့် သီးခြားအရေးယူဖို့  ပြစ်ဒဏ်များ ပြဋ္ဌာန်းရေးဆွဲထားခြင်း မရှိတဲ့အတွက် သက်ဆိုင်ရာဌာနများနဲ့ အသင်းအဖွဲ့များက ဝိုင်းဝန်းဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် လူမှုရေးဝန်ကြီးက အသင်းအဖွဲ့အများစုအနေနဲ့ လည်ပတ်သုံးစွဲတဲ့ ရန်ပုံငွေများကို စေတနာရှင် အများပြည်သူ အလှူရှင်များရဲ့ အလှူငွေများကနေ  ရရှိကြောင်း တွေ့ရတယ်။ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုတို့ကို ငွေကြေးထောက်ပံ့မှုများ အလွဲသုံးချ မခံရစေရေးအတွက် အသင်းအဖွဲ့များကို ဖိတ်ကြားပြီး အသိပညာပေး ဟောပြောပွဲများ ပြည်ထောင်စုအဆင့် နေပြည်တော်မှာ ကျင်းပခဲ့ပြီး အခု ရန်ကုန်တိုင်းဒေသကြီးမှာ ဆင့်ပွားဟောပြောပွဲများကို ကျင်းပပြုလုပ်တာလို့ ပြောခဲ့ပါတယ်။

ပြည်တွင်း လူမှုရေးအသင်းအဖွဲ့များက ရန်ကုန်တိုင်းဒေသကြီးအတွင်း လှုပ်ရှားဆောင်ရွက်ဖို့ မှတ်ပုံတင်လျှောက်ထားရင် မှတ်ပုံတင်ရေးအဖွဲ့ အဆင့်ဆင့်က ဥပဒေနဲ့အညီ စိစစ်ပြီး ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ပြည်တွင်းအသင်းအဖွဲ့များက ဥပဒေနဲ့အညီ ရန်ကုန်တိုင်းဒေသကြီး၊ မှတ်ပုံတင်ရေးအဖွဲ့မှာ မှတ်ပုံတင်လျှောက်ထားလာရင် သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက လုပ်ထုံးလုပ်နည်းနဲ့အညီ စိစစ်ပြီး တိုင်းဒေသကြီးအဆင့်ကို တင်ပြကာ ၇ ရက်အတွင်း ယာယီမှတ်ပုံတင် ထုတ်ပေးနေပါတယ်။

ရန်ကုန်တိုင်းအတွင်း အသင်းအဖွဲ့ ၄၀၅ ဖွဲ့ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013